Breaking!!!

ဖားကန့်မြို့နယ်၊ ဆိုင်းတောင် (ဆိပ်မူ) ဘွမ်ဘရာကုန်းရပ်ကွက်နှင့် ရပ်ကွက် ၂ အကြား စစ်တပ်ကုန်း အနီးတွင် ယနေ့ ဇွန်လ ၂၁ ရက်နေ့၊ ည ၈ နာရီခန့်တွင် ပေါက်ကွဲမှု တစ်ခု ဖြစ်ပွား ခဲ့ကြောင်း သိရှိရသည်။

စစ်တပ်ကုန်း အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“ သေနတ်သံမပါဘူး ဗုံးတစ်လုံးပဲ ၊ ကျယ်တော့အကျယ်ကြီးပဲ၊ အဲ့နားကဆိုင်တွေ မြန်လိုက်တာ ပိတ်သွားတာ” ဟု The 74 Media ကို သူကပြောသည်။

အဆိုပါ ပေါက်ကွဲမှုနှင့် ပတ်သက်ပြီးထိခိုက်မှုရှိမရှိကို The 74 Mediaမှ ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ