ဟိုပင်တွင် စစ်ကောင်စီတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ခံရသူ ငွေကြေးအကူအညီလိုနေ

ကချင်ပြည်နယ်၊ ဟိုပင်မြို့တွင် မြသာယာရပ်ကွက်တွင် ယမန်နေ့ညက သေနတ်ကျည်ထိမှန်ခဲ့သော အမျိုးသားသည် ဆေးကုသရန်အတွက် ငွေကြေးအခက်အခဲရှိကြောင်း သိရသည်။

ဟိုပင်တွင် စစ်ကောင်စီတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ခံရသူ ငွေကြေးအကူအညီလိုနေ

သေနတ်ဖြင့် ပစ်ခတ်ခံရသည့် အသက် ၃၃ နှစ်အရွယ် ကိုဖြိုးသည် ကုန်တင်ကုန်ချလုပ်ငန်း လုပ်ကိုင်သူဖြစ်ပြီး ခြေနှစ်ဖက်လုံးတွင် ကျည်ထိမှန်ခဲ့ပြီး ခွဲစိတ်ကုသမှုခံယူရန် ငွေကြေးအခက်အခဲ ဖြစ်နေခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ နီးစပ်သူတစ်ဦးက The 74 Media ကိုပြောသည်။
“သူက အိမ်ငှားနဲ့နေကြရတာ သူတို့က ကုန်တင်ကုန်ချလုပ်ပြီး တစ်နေ့လုပ် တစ်နေ့စားဆိုတော့လေ။ ခွဲစိတ်ရမှာဆိုတော့ ငွေကအတော်လေးလိုတယ်” ဟု သူကပြောသည်။
ဒဏ်ရာရရှိခဲ့သူသည် ခြေနှစ်ဖက်တွင် ကျည်တစ်ချက်စီ ထိမှန်ခဲ့ပြီး ကျည်တစ်ခုကို ခွဲထုတ်နိုင်သော်လည်း ကျန်ရှိသည့် ကျည်တစ်ခုကို ထုတ်၍ မရသေးကြောင်းသူက ဆက်ပြောသည်။

ကိုဖြိုးသည် ယမန်နေည ၈ နာရီခွဲခန့်တွင် ဆိုင်ကယ်ဖြင့် ဆန်အိတ်တင်ဆောင်ကာ ပြန်လာချိန် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဆိုင်ကယ်ရပ်ခိုင်းသည်ကို ကြောက်လန့်ပြီး မရပ်တန့်ဘဲ မောင်းပြေးရာမှ ပစ်ခတ်ခံရခြင်းဖြစ်ကြောင်းသိရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ