ပူတာအိုစစ်ရှောင်စခန်းတွင် ရေတွင်းမလုံလောက်

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ ဇီဒမ်းကျေးရွာရှိ စစ်ရှောင်စခန်းတွင် ရေတွင်းမလုံလောက်သောကြောင့် သောက်သုံးရေ အခက်အခဲဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ရှောင်လူဦးရေ ၃၀၀ ကျော်က ရေတွင်း လေးတွင်းပေါင်းသုံးနေရသဖြင့် ရေအခက်အခဲဖြစ်နေသည်ဟု အမည်မဖော်လိုသူ စစ်ရှောင်စခန်းမှ တာဝန်ရှိသူတစ်ဦးက The 74 Media ကို ပြောသည်။
” ရေတွင်းက လေးတွင်းရှိတယ် ဘုံရေတွင်းဆိုတော့ အရမ်းခက်တာပေါ့၊ အဲ့ဒါပဲပေါင်းသုံးနေရတယ်ဆိုတော့၊ သုံးဘီးကားတွေနဲ့လည်း လာသယ်ရတဲ့သူတွေလည်းရှိတယ်” ဟု ပြောသည်။
ရေသွယ်ယူရန် ပိုက်လိုင်းများမရှိသဖြင့် ပိုမိုခက်ခဲကြောင်း သူကဆက်ပြောသည်။
အိမ်ထောင်စု ၇၃ အိမ်ထောင်၊ လူဦးရေ စုစုပေါင်း ၃၀၀ ကျော်ခန့်သည် ပူတာအို အင်ခါးဂါးတွင် ၂၀၁၄ ခုနှစ်က စစ်ရှောင်နေထိုင်ခဲ့ကြပြီး ယခု ဇီဒမ်းကျေးရွာတွင် ပြန်လည် အခြေချပြောင်းရွှေ့‌ေနထိုင်ခဲ့ခြင်းဖြစ်သည်။
စစ်ရှောင်စခန်းတွင် ဆေးပေးခန်းမရှိသလို ကလေးများကျောင်းတက်ရောက်ခြင်းမရှိကြောင်း သိရသည်။

စစ်ရှောင်ပြည်သူများအတွက် နေအိမ်ကို The Nippon Foundation ၏ ပံ့ပိုးကူညီမှုဖြင့် KBC မှ တာဝန်ယူ ဆောက်လုပ်ပေးခဲ့ခြင်းဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ