ကရင်နီပြည်သူများ နေရပ်တွင် ပြည်လည်နေထိုင်ရန် စိုးရိမ်မှုများရှိနေ

ကယားပြည်နယ်တွင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KPDF) က အပစ်အခတ်ရပ်စဲကြောင်း ကြေညာပြီး‌ေနာက် စစ်ကောင်စီက စစ်ရှောင်ပြည်သူများကို နေအိမ်တွင် ပြည်လည်နေထိုင်ရန် ပြောဆိုမှုများရှိသော်လည်း စစ်ရှောင်ပြည်သူများက စိုးရိမ်မှုများရှိနေကြသည်ဟု သိရသည်။

ကရင်နီပြည်သူများ နေရပ်တွင် ပြည်လည်နေထိုင်ရန် စိုးရိမ်မှုများရှိနေ

 

စစ်ရှောင်ပြည်သူများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်လွတ်စပယ်ဖမ်းဆီးစစ်ဆေးမည်ကို စိုးရိမ်ပြီး နေရပ်ပြန်ရန် မဝံ့မရဲဖြစ်နေကြခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“အိမ်ထိလက်လွတ်စပယ် အဖမ်းဆီးခံရပြီး ရိုက်နက်ခံရမှာကြောက်တယ်။ စစ်ကောင်စီတွေပြောတဲ့ စကားကိုလည်း မယုံဘူး။ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကိုလည်း အယုံအကြည်မရှိဘူး။ သေတဲ့အလောင်းတွေ ပုံပျက်ပန်းပျက်တွေ့ကြရတော့ တချို့ကမပြန်ရဲကြသေးဘူး။” ဟုသူကပြောသည်။
တိုက်ပွဲဖြစ်စဉ် ကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူတို့၏ နေအိမ်နှင့် ပစ္စည်းများကို ဖောက်ထွင်းခိုးယူ မီးရှို့ဖျက်ဆီးမှုများပြုလုပ်ခဲ့သဖြင့် တန်ဖိုးြကီးရွှေထည်ငွေထည်များ ပျောက်ဆုံးသွားသည်ဟု အခြားဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“အိမ်ရောက်တော့ တချို့ အိမ်ကမရှိတော့ဘူး ပျက်စီးသွားပြီ အိမ်မှာလည်း အရေးကြီးတာတွေ တန်ဖိုးကြီး ရွှေငွေတွေ အကုန်ပျောက်တယ် မရှိတော့ဘူး အစုံပဲ။ စိတ်ဆင်းရဲလို့မဆုံးဘူး။” ဟုသူကပြောသည်။
ထို့အပြင် စစ်ရှောင်ပြည်သုအများစုက နေရပ်တွင်ပြလည်နေထိုင်ပြီးနောက် တိုက်ပွဲများ ပြည်လည်ဖြစ်ပွားမည်ကို စိုးရိမ်နေကြသည်။
နေရပ်သို့ ပြန်လာသော စစ်ရှောင်ပြည်သူများတွင် စစ်ရှောင်များတွင် ဝန်ထမ်းများနှင့် ဆရာ၊ဆရာမ များ ပါဝင်မှု ရှိ၊ မရှိ စစ်ဆေး မေးမြန်းမှုများရှိသည်ဟု သူကဆက်ပြောသည်။
ကယားပြည်နယ်တွင် မေလ မှ ဇွန်လဆန်းထိ စစ်ကောင်စီတပ်ဖွဲ့နှင့် KPDF တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဇွန်လ ၁၅ ရက်နေ့တွင် အပစ်အခတ်ယာယီရပ်စဲခဲ့သည်။

ဓာတ်ပုံ – ကယားပြည်နယ် ဒီးမော့ဆိုမြို့ရှိ စစ်ရှောင်ပြည်သူများ၏ နေအိမ်များကို ဇွန်လ ၁၅ ရက်က တွေ့ရစဉ်

သင့်ထင်မြင်ချက်ရေးပေးပါ