ဖားကန့် တာမခန်

ဖားကန့်မြို့နယ်၊ တာမခန်ကျေးရွာတွင် ယနေ့ ဇွန်လ ၁၅ ရက်နေ့ ည ၉ နာရီခန့်က စစ်ကောင်စီတပ်များ တစ်ဖက်သတ် သေနတ်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့များရှိရာ စစ်တပ်ကုန်းမှ သေနတ်သံကြားရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“မကြားတာတော့ ကြာပါပြီ ဒီနေ့မှ ထပစ်နေတာ ၉ နာရီ လောက်ထင်တာပဲ၊ သူတို့ဖောက်တာလိုက်မှတ်မနေတော့ဘူး၊ ညတိုင်းတော့ မဖောက်ဘူး၊ သူတို့ဖောက်ချင်တဲ့ အချိန်ဖောက်တာ၊ ခဏက စဖောက်ဖောက်ချင်းတောင် ဆက်တိုက်ပြစ်တာ ၆ ချက်ကျော်တယ် သေနတ်သံပဲ၊ တပ်မ ၃၃ လက်အောက်ခံတဲ့ အပြန်အလှန်ပစ်တာ မဟုတ်ဘူး၊ သူတို့ဟာ သူတို့ပစ်တာ၊ စာသင်ကျောင်းထဲလည်း စစ်သားတွေ ရှိတယ်” ဟုသူက ပြောသည်။
ဖားကန့်မြို့နယ်၊ နေရာအချို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်ပစ်ဖောက်မှုများ မကြာခဏ ပြုလုပ်သည့်အပြင် လမ်းသွားလမ်းလာ ပြည်သူများကို တာဆီး စစ်ဆေးမှုများ နေ့စဉ် ပြုလုပ်လျက် ရှိကြောင်း သိရသည်။
ဖားကန့်မြို့ တာမခန်ကျေးရွာတွင် ဇွန်လ ၃ ရက်နေ့က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး သပိတ်ပြုလုပ်နေစဉ် စစ်ကောင်စီတပ်ဖွဲ့ ဝင်များ သေနတ်ပစ်ဖောက်ခဲ့သည်။

Photo Credit to rightful owners

သင့်ထင်မြင်ချက်ရေးပေးပါ