မိုးကောင်းတွင် မော်တော်ယာဉ်တစ်စီးချောက်ထဲကျ

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့နှင့် မရမ်း‌‌ေကျးရွာအကြား ယနေ့ မွန်းလွဲ ၂ နာရီခန့်က ကားတစ်စီး တိမ်းမှောက်ခဲ့‌ကြောင်း သိရသည်။

မြစ်ကြီးနားမြို့သို့ တက်လာသည့်ကားဖြစ်ပြီး ကားရှေ့ဘီးပေါက်ကာ လမ်းဘေးရှိချောက်ထဲသို့ ထိုးကျသွားခြင်းဖြစ်သည်ဟု မျက်မြင်‌‌ေတွ့ရှိသူတစ်ဦးက The 74 Media ကို ပြောသည်။

မိုးကောင်းတွင် မော်တော်ယာဉ်တစ်စီးချောက်ထဲကျ

 

“မြစ်ကြီးနားကိုတက်တဲ့ကားပါ၊ ကားရှေ့ဘီးပေါက်ပြီး လမ်းဘေးချောက်ထဲထိုးကျသွားတာပါ၊ နည်းနည်းပေါက် ပြဲကြပါတယ်၊ လူကြီးတစ်ယောက်တော့ အထိနာသွားပါတယ်” ဟု ပြောသည်။
ယာဥ်‌‌ေပါ်တွင် ခရီးသည် ၆ ဦးပါရှိပြီး ပေါက်ပြဲ၊ ထိခိုက်ဒဏ်ရာရရှိသူ များရှိသော်လည်း မစိုးရိမ်ရကြောင်း သူကဆက်ပြောသည်။
ထိခိုက်ဒဏ်ရာရရှိသူများကို နမ္မတီးလူမှုကူညီရေးအဖွဲ့မှ လာရောက်ခေါ်ဆောင်သွားပြီဖြစ်ကြောင်း သိရသည်။
ကချင်ပြည်နယ် ယာဉ်ထိန်းရဲမှ ရရှိသည့် အချက်အလက်များအရ ၂၀၂၀ ခုနှစ်အတွင် ယာဥ်တိုက်မှု စုစုပေါင်း ၄၃၂ မှုဖြစ်ပွားခဲ့သည်။

Photo credit to rightful owner

သင့်ထင်မြင်ချက်ရေးပေးပါ