ဟိုပင်

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် ဟိုပင်မြို့တွင် ဇွန်လ ၁၂ ရက်နေ့ ည ၇ နာရီခွဲခန့်က အရက်မူးနေသူတစ်ဦးကို အမည်မသိ အမျိုးသား သုံးဦးက ဓားဖြင့်ခုတ်သတ်သွားကြောင်းသိရသည်။

ဟိုပင်မြို့ မြို့မမြောက်ရပ်ကွက်မှ ဦးဇင်ဘုန်းအောင် အသက် ၃၄ နှစ်သည် သူ၏ နေအိမ်ရှေ့တွင် အရက်မူး၍ လမ်းပေါ်ရမ်းကားနေစဉ် အမည်မသိ လက်နက်ကိုင် သုံးဦးက ဓားဖြင့် ခုတ်သွားခြင်းဖြစ်သည်ဟု အမည်မဖော်လိုသည့် ရပ်ကွက်နေပြည်သူ တစ်ဦးက The 74 Media ကို ပြောသည်။
“သူတို့လမ်းကြားထဲမှာပဲ လူသုံးယောက် ဆိုင်ကယ်နဲ့ ခုတ်ခံရတယ်ကြားတယ်၊ သူက နည်းနည်းမူးပြီးတော့ ရမ်းတာ လမ်းမှာ‌ေသာင်းကျန်းတာတဲ့ နေ့ခင်း ကတည်းကပေါ့” ဟု ပြောသည်။
ဦးဇင်ဘုန်းအောင်သည် ဓားခုတ်ခံရသည့် ဒဏ်ရာဖြင့် ည ၇ နာရီခွဲခန့်က ဆေးရုံတွင် ကွယ်လွန်သွားြပီး လက်ရှိအချိန်တွင် ပြစ်မှူကျူးလွန်သူကိုလည်း အမှုဖွင့်ထားြပီးဖြစ်‌ေကြာင်းသိရသည်။
ဟိုပင် တကွင်းရွာ ကန်သာယာရပ်ကွက်တွင် မေလ ၈ ရက်နေ့က တိရိစ္ဆာန် ဆရာဝန် ဒေါက်တာစိုင်းကွမ်းဆိုင် လမ်းဘေးတွင် သေနတ်ဒဏ်ရာနှင့် ရိုက်နက်မှုဒဏ်ရာများဖြင့် သေဆုံးနေမှုရှိခဲ့သည်။

Photo credit to rightful owner

သင့်ထင်မြင်ချက်ရေးပေးပါ