F:\3rd Website File\June 1 to 30\အရပ်သားသုံးရေယာဉ်ပေါ်တွင် သဲအိတ်များကာရံပြီး ပို့ဆောင်ရန်ပြင်ဆင်

စစ်ကောင်စီတပ်က ကချင်ပြည်နယ် ဗန်းမော်သို့ လက်နက်နှင့် ရိက္ခာများ တင်ပို့ရန် ပြည်တွင်းကုန်တင်သင်္ဘောများပေါ်တွင် သဲအိတ်များတင်ဆောင်ကာ ပြင်ဆင်နေကြောင်းသိရသည်။

 

မန္တလေး ကုန်တင်ကုန်ချ ဆိပ်ကမ်းတွင် ပတိုင်းနှင့် ပင်လုံ အမည်ရှိ သင်္ဘောနှစ်စင်းပေါ်တွင် သဲအိတ်များနှင့် ကားတာယာများကို ကာရံနေခြင်းဖြစ်သည်။
အဆိုပါ သင်္ဘောနှစ်စင်းကို ယခင်က ဧရာဝတီမြစ် အထက်ပိုင်း မြစ်ရိုးတစ်လျှောက် ခရီးသည်နှင့် ကုန်များ တင်ဆောင်ရန်အတွက်သာ အသုံးပြုခဲ့သော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ရေးအတွက် အသုံးပြုလာခြင်းဖြစ်သည်။
ကချင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်များက သင်္ဘောများဖြင့် စစ်အင်အားဖြည့်တင်းလေ့ရှိပြီး ကေအိုင်အေနှင့် ပြည်သူ့ကာကွယ်ရေးတပ်များက မကြာခဏ ပစ်ခတ်တိုက်ခိုက်လေ့ရှိသည်။
Source – Ayayarwaddy Time

Photo credit to rightful owner

သင့်ထင်မြင်ချက်ရေးပေးပါ