ဝိုင်းမော်တွင် တစ်ရှူးငှက်ပျောတင်ထားသည့် ကုန်ကားတိမ်းမှောက်

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်၊ ဝိုင်းမော်-ဝါးရှောင်လမ်းတွင် ယနေ့ ဇွန်လ ၁၀ ရက်နေ့ ညနေ ၆ နာရီခန့်က တရုတ်တစ်ရှူးငှက်ပျော တင်ဆောင်ထားသော ကုန်တင်ကားတစ်စီး တိမ်းမှောက်သွားကြောင်းသိရသည်။

ဝိုင်းမော်တွင် တစ်ရှူးငှက်ပျောတင်ထားသည့် ကုန်ကားတိမ်းမှောက်

 

တရုတ်ပြည်သို့တင်ပို့မည့် တစ်ရှူးငှက်ပျောများ တင်ဆောင်ထားသောကားသည် ဝိုင်းမော်မြို့နယ် တန်ဘောင်ရပ်ကွက်တွင် တိမ်းမှောက်သွားခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“တစ်ရှူးငှက်ပျောတင်လာတဲ့ကား ကန်ပိုက်တည်တက်တဲ့ကား တန်ဘောင်ရပ်ကွက် မှာ မှောက်သွားတယ်။ ကားမောင်းတဲ့သူက တစ်ယောက်ပဲ ဟုတ်တယ် သူက သောက်တော့ သောက်ထားတယ်” ဟု သူကပြောသည်။
တိမ်းမှောက်ရာတွင် ယာဉ်မောင်းသည် ထိခိုက်ဒဏ်ရာ အနည်းငယ် ရရှိခဲ့ကြောင်း သူကဆက်လက်ပြောသည်။
ဝိုင်မော်မြို့နယ် တာလောကြီးကျေးရွာတွင် လွန်ခဲ့သော ဇန်နဝါရီ ၁၈ ရက်ကလည်း ငှက်ပျောကား တိမ်းမှောက်မှုဖြစ်ပွားခဲ့သည်။
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်တွင် တစ်ရှူးငှက်ပျော စိုက်ခင်းဧကပေါင်း တစ်သိန်းကျော် ရှိသည်။

Photo credit to rightful owner

သင့်ထင်မြင်ချက်ရေးပေးပါ