KIA Solider(ကေအိုင်အေ)

ကချင်လွတ်မြောက်ရေးတပ် (KIA) တပ်မဟာ ၅ တပ်ရင်း ၁၉ ထိန်းချုပ်‌နယ်မြေ ဒေါ့ဖုန်းယန်ရှိ စစ်ကောင်စီတပ် ခလရ (၁၄၂) ကို အား မုန်လိုင်‌ချောင်းတံတားအနီးတွင် ကေအိုင်အေမှ ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်၏ ရိက္ခာနှင့် လက်နက်များတင်‌ဆောင်လာသည့် ထောက်ပို့ယာဥ်များအား ကြားဖြတ်တိုက်ခြင်းဖြစ်သည်။ တိုက်ပွဲ ဖြစ်ပွားနေစဥ် ဘွမ်ရန်ဘွမ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်မှလည်း လက်နက်ကြီးများဖြင့် ပစ်ကူခဲ့‌ကြောင်းသိရသည်။
ကေအိုင်အေ ထိန်းချုပ်နယ်မြေ တပ်မဟာ ၄ ထိန်းချုပ်နယ်မြေ ကွတ်ခိုင်မြို့နယ်တွင် ခြေလျင်ဖြင့် တက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား မြောက်ပိုင်းမဟာမိတ်အဖွဲ့မှ ကြားဖြတ်တိုက်ခိုက်မှုရှိခဲ့သည်။
အကြောင်းအရာ အပြည့်အစုံကို ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။

ရွှေကူမြို့နယ်တွင် စစ်ကောင်စီတပ်များ၏ သင်္ဘောများ မကြာခဏ တိုက်ခိုက်ခံရလျက်ရှိသည်။

သင့်ထင်မြင်ချက်ရေးပေးပါ