Breaking!!!

ကချင်ပြည်နယ် ရွှေကူမြို့နယ်၌ ယနေ့ည ၁၀ နာရီဝန်းကျင်တွင် ကချင်လွတ်မြောက်ရေးတပ် (KIA)နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲ ဖြစ်ပွားနေကြောင်း သိရသည်။

ကေအိုင်အေနှင့် SPDF တို့ ရွှေကူရဲစခန်းကို ဝင်ရောက်စီးနင်းသဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“နှစ်ဘက် ပစ်နေကြတာ။ KIA တွေ ရွှေကူ ရဲစခန်းကိုဝင်ပစ်တာ။ SPDF တွေလဲ ပါလောက်တယ်။ လက်နက်ကြီးသံက ၁၀ ချက်ကျော်ပြီ။ လက်နက်ကြီးသံ ပိုစိတ်လာတယ်။ သေနတ်သံကတော့ နားကို မနားတာ ခုထိ။ ခဏက လက်နက်ကြီးပစ်တော့ မီးရောင်ပါ မြင်နေရတယ်။” ဟုသူကပြောသည်။
ရွှေကူမြို့ရဲစခန်းနှင့် သင်္ဘောဆိပ်အပြင် အချို့နေရာများတွင်လည်း ပစ်ခတ်သံများကြားနေရသည်ဟု အခြားဒေသခံတစ်ဦးကပြောသည်။

ကေအိုင်အေနှင့် SPDF တို့သည် ဇွန်လ ၄ ရက်နေ့ကလည်း ရွှေကူရဲစခန်းအား ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ