ဂျော်ဘွမ်ဆု​တောင်း​တောင်သွားရာလမ်းမတွင် စစ်​ကောင်စီတပ် အင်အားအများအပြားဖြင့် ​လာ​ရောက်သွား

မြစ်ကြီးနားမြို့၊ နောင်နန်းကျမ်းစာသင်​ကျောင်းအနီး ဂျော်ဘွမ်ဆု​တောင်းတောင် သွားရာလမ်းတွင် ယနေ့ည ၉ နာရီခွဲခန့်အချိန်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ အင်အားအများအပြားဖြင့် ​လာ​ရောက်သွား​ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ် စစ်ကားရှစ်စီးခန့်နှင့် သံချပ်ကာကားအပါအဝင် စစ်သားအမြောက်အများက ဂျော်ဘွမ်ဆု​တောင်းသွားရာလမ်းတွင် ​လာ​ရောက်သွား​ကြောင်း ဒေသခံတစ်ဦးက The 74 Media ကို ပြောသည်။

“ဂျော်ဘွမ်လမ်းခွဲမှာ စစ်သားတွေအများကြီးပဲ၊ စစ်ကား ခုနှစ်စီး ရှစ်စီးလောက်ဟုတ်တယ်၊ တင့်ကားလည်းပါတယ်၊ ၁၁ နာရီ ​လောက်မှာ ပြန်သွားတယ်”ဟု ဆိုသည်။
လူနေအိမ်များအတွင်း ဝင်ရောက်ရှာဖွေစစ်​​ဆေးခဲ့ခြင်း ရှိ /မရှိကိုမူ မသိ​ကြောင်း သူကဆက်ပြောသည်။
မည်သည့်အတွက်​ကြောင့် ​စစ်​ကောင်စီတပ်ဖွဲ့ဝင်များသည်​ နောင်နန်းကျမ်းစာ​ကျောင်းအနီး ​ဂျော်ဘွမ်ဆု​တောင်း​တောင်သွားရာလမ်းတွင် တစ်နာရီခွဲခန့် ရပ်နား​သွားသည်ကို မသိရှိရ​သေးပါ။
သို့​သော်လည်း စစ်​ကောင်စီတပ်ဖွဲ့ဝင်များသည် ​နောင်နန်း​သွားရာ လမ်းမ​ပေါ်ရှိ ရှစ်မိုင်ကျေးရွာတွင် နေအိမ်အချို့တွင် ဝင်ရောက်စစ်ဆေးရှာဖွေမှုများပြုလုပ်သွားခဲ့သည်ဟု ​နောက်ထပ် ဒေသခံတစ်ဦးကဆိုသည်။
​လွန်ခဲ့သည် မတ်လ ၁၃ ရက်​နေ့ ညပိုင်းက စစ်​ကောင်စီ တပ်ဖွဲ့ဝင်များက ​နောင်နန်းကျမ်းစာသင်​ကျောင်းအတွင်း ဝင်​ရောက်ရှာ​ဖွေမှုများပြုလုပ်ခဲ့သည်။

ပုံ / မတ်လအတွင်းက မြစ်ကြီးနားမြို့တွင် လှည့်လည်​နေ​သော စစ်​ကောင်စီယာဥ်တန်းများ။

သင့်ထင်မြင်ချက်ရေးပေးပါ