ဟိုပင်မြို့ မြို့သစ်က​လေး​​​ကျေးရွာမှ အထက(ခွဲ) စာသင်​ကျောင်း မီး​လောင်မှုဖြစ်ပွား

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့အနီးရှိ မြို့သစ်ကလေးကျေးရွာတွင် ယနေ့ည ရှစ်နာရီခွဲခန့်က ဟိုပင် အထကခွဲ စာသင်ကျောင်း မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဟိုပင် အထကခွဲ ကျောင်းမှ ကျောင်းဆောင် နှစ်ဆောင် မီးလောင်ကျွမ်းခဲ့သည်ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“ဘယ်သူမှ မငြှိမ်းရဲဘူး။ နန်းမားက မီးသတ်ကားက ကိုးနာရီကျော်မှာ ရောက်လာပေမယ့် ကျောင်းဆောင်ဟောင်းက ပြာကျသွားပြီး နောက်အသစ်ကိုကူးပြီးလောင်နေတယ်” ဟု ပြောသည်။

ကချင်ပြည်နယ်တွင် ယခုရက်ပိုင်းအတွင်း စာသင်ကျောင်းအနီးတွင် ဗုံးပေါက်ကွဲမှုနှင့် မီးလောင်မှုများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။

သင့်ထင်မြင်ချက်ရေးပေးပါ