NLD အတွင်းရေးးမှူး ဦးညီညီဖေတင်

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၏ NLD အတွင်းရေးမှူး ဦးညီညီဖေတင်အား ယနေ့ ဇွန် ၃ ရက်တွင် ထောင်ဒဏ် ၂ နှစ်ချလိုက်သည်ဟု သိရသည်။

ဦးညီညီဖေတင်အား သဘာဝ‌ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ ဖြင့် တရားစွဲဆိုထားပြီး ယနေ့အမိန့်ချလိုက်ခြင်းဖြစ်သည်ဟု သူနှင့်နီးစပ်သူက The 74 Media ကိုပြောသည်။
” ဒီနေ့ ဗန်းမော်မြို့ရဲ့ NLD အတွင်းရေးမှူးကို ထောင်ဒဏ်၂ နှစ်ချလိုက်တယ်။ ပုဒ်မ ၂၅ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးနဲ့ပဲ ဟုတ်တယ်” ဟုပြောသည်။

ဦးညီညီဖေတင်အား ဖေဖော်ဝါရီလ ၈ ရက်နေ့ ည ၁၁ နာရီဝန်းကျင်တွင် အရှေ့သာဒီ NLD ရုံးမှ လာရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ