ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့တွင် ဇွန်လ ၂ ရက်နေ့ ည ၇ နာရီခန့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက
စနိုက်ပါဖြင့် ပစ်ခတ်မှုကြောင့် အရပ်သား ပြည်သူတစ်ဦး သေဆုံးခဲ့ကြောင်းသိရသည်။
![](https://www.the74media.com/wp-content/uploads/2021/06/188999344_285480919941982_1694334605635592073_n-300x225.jpg)
![](https://www.the74media.com/wp-content/uploads/2021/06/192360069_467575044343177_6128229682300756668_n-300x225.jpg)
![](https://www.the74media.com/wp-content/uploads/2021/06/193792216_245534230676799_3569948016368764834_n-300x225.jpg)
![](https://www.the74media.com/wp-content/uploads/2021/06/194317515_1378857959152912_1649369561288634956_n-300x225.jpg)
![](https://www.the74media.com/wp-content/uploads/2021/06/195077650_3842111029234638_1784738576298831089_n-225x300.jpg)
![](https://www.the74media.com/wp-content/uploads/2021/06/195786258_2980141285597880_3814170706741300937_n-300x225.jpg)
![](https://www.the74media.com/wp-content/uploads/2021/06/195887605_323783032611030_1511825094541449891_n-215x300.jpg)
ပစ်ခတ်သတ်ဖြတ်ခံရသူသည် နဖူးတွင် ကျည်ထိမှန်၍ သေဆုံးခဲ့ပြီး အခြားတစ်ဦးမှာ ပါးနှင့် နားတွင် ရှပ်ထိဒဏ်ရာရရှိခဲ့ကြောင်း
ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“လူငယ်နှစ်ယောက် သွားသွားလာလာမျိုးမှာ ပစ်ခတ်ခံရတယ် ပစ်တာတော်တော်ဝေးတယ် သူတို့ စနိုက်ပါနဲ့ပစ်တာ
တစ်ယောက်က နဖူးမှာထိပြီး သေသွားတယ် အလောင်းတောင် ည သွားယူလို့ မရဘူး မနက်မှ သွားယူရတာ၊
တစ်ယောက်က ပါးကို ဖြတ်ထွက်သွားတယ်” ဟုသူက ပြောသည်။
သေဆုံးသူမှာ အသက် ၁၉ နှစ်အရွယ် မောင်ဒီကို ဖြစ်ပြီး ပါးတွင်ကျည်ရှပ်ထိဒဏ်ရာရရှိခဲ့သူမှာ အသက် ၁၇ နှစ် အရွယ်လူငယ်တစ်ဦးဖြစ်သည်။
ကျည်ဆန်ထိမှတ်ဒဏ်ရာရခဲ့သူကို သွားရောက်ကယ်တင်သူများကို စစ်ကောင်စီတပ်က လိုက်လံပစ်ခတ်ခဲ့ကြောင်း သူကဆက်ပြောသည်။
မိုးဗြဲ ရဲစခန်းတွင် တပ်စွဲထားသည့် စစ်ကောင်းစီတပ်မှ ရမ်းတမ်းပစ်ခတ်မှုကြောင့်
ယမန်နေ့ ဇွန် ၂ ရက်နေ့က စစ်ရှောင်ပြည်သူများအတွက် ရိက္ခာပြန်ယူသူ အသက် ၃၅ နှစ်အရွယ် ပြည်သူတစ်ဦး
ညာဘက်ဝမ်းဗိုက် ခါးအထက်နားတွင်ကျည်ထိမှန်ခဲ့ကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်၏ သတင်းထုတ်ပြန်ချက်အရသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲရဲစခန်းအား ဇွန် ၁ ရက်နေ့မှ စတင်၍ စစ်ကောင်စီတပ်မှ ပြန်လည်တပ်စွဲထားပြီး
လမ်းသွားလမ်းလာ အရပ်သားပြည်သူများအား ပစ်ခတ်မှုများရှိနေသည်။
ဓါတ်ပုံ – CJ
သင့်ထင်မြင်ချက်ရေးပေးပါ