မိုးညှင်း အ.ထ.က( ၂ )ကျောင်းအနီးတွင် ​ပေါက်ကွဲမှုဖြစ်ပွား
ကချင်ပြည်နယ်၊ မိုးညှင်းမြို့ရှိ အ.ထ.က(၂)ကျောင်းအနီးတွင်
ယနေ့ည ခုနှစ်နာရီဝန်းကျင်ခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဗုံးပေါက်ကွဲမှုနှင့်ပတ်သက်ပြီး အမည်မ​ဖော်လိုသူ ဒေသခံတစ်ဦးက The 74 Media ကို ယခုလို ပြောသည်။
“ဗုံးကွဲသံကျယ်တာကတော့ တစ်မြို့လုံးတောင် ကြားမယ်ထင်တယ်။
အထက (၂) ကျောင်းအနောက်ပေါက်လမ်း အရှေ့ရိပ်သာသွားတဲ့ဘက်မှာ ကွဲတာပါ”ဟု ပြောသည်။
​ပေါက်ကွဲမှု​ကြောင့် လူထိခိုက်မှုရှိ၊ မရှိ မသိရှိရသေးကြောင်း သူကဆက်ပြောသည်။
လက်ရှိအချိန်တွင် ဗုံး​​ပေါက်ကွဲ​သော​နေရာသို့ စစ်​ကောင်စီတပ်ဖွဲ့ဝင်များ​ရောက်ရှိ​နေကာ
စစ်ဆေးမှုများပြုလုပ်​​နေ​ကြောင်း ​ဒေသခံများက​ပြောသည်။
​ပေါက်ကွဲမှုဖြစ်ပွားခဲ့​သော မိုးညှင်းမြို့ရှိ အ.ထ.က(၂)ကျောင်းတွင်
ကျောင်းတက်နေကြသော ဆရာ/မများနှင့် ကျောင်းသူ/သားများ (၁၀၀)ကျော်ရှိ​ကြောင်းသိရသည်။
သင့်ထင်မြင်ချက်ရေးပေးပါ