မိုးကောင်းမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ယမန်နေ့ ဇွန်လ ၁ ရက်နေ့မှစတင်ကာ ကျောင်းတက်သည့် ကျောင်းသားကျောင်းသူပေါင်း ၆၀၀ ကျော်ရှိကြောင်း သိရသည်။
မိုးကောင်းမြို့နယ်ရှိ အချို့ကျောင်းများကို ပိတ်ထားသော်လည်း မြို့ပေါ်ရပ်ကွက်ရှိ ကျောင်းများတွင် ကျောင်းတက်သည့် ဦးရေ စုစုပေါင်း ၆၀၀ ကျော် ရှိသည်ဟု အမည်မဖော်လိုသူ ကျောင်းဆရာမ တစ်ဦးက The 74 Media ကို ပြောသည်။

“ထ ၁ က ၃၀၀၀ ကျော်မှာ ၅၀၀ ကျော် လာအပ်တယ်၊ ကျောင်းတက်တာက ၂၀၀ လို့ပြောတယ်၊
ထ ၂ က ၁၀၀ ကျော်တက်တယ်၊ ကျွန်းတောက ၁၅၀ ကျောင်းအပ်တယ် အရင်ကတော့ ကျောင်းသားက ၆၀၀ လောက်ရှိတာ
သီလရှင် ဆရာလေးတွေက ၅၀ကျော်လောက် လာအပ်သွားတယ်၊
မန်ရွက် အထက ကျောင်းခွဲက ၉၀၀ ကျော်မှာ ၂၀၀ ကျောင်းတက်တယ်၊
နောင်ကိုင်တော်က ၁၀ ကျော် တက်တယ်လို့ ကြားတယ်” ဟုသူက ပြောသည်။
မိုးကောင်းမြို့က ဖိုးချစ်ကုန်းအရှေ့ရပ်ရှိ ဈေးကုန်းကျောင်းများကို ပိတ်ထားရဆဲဖြစ်ကြောင်း သူက ဆက်ပြောသည်။
ကျောင်းဖွင့်ချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများကိုလည်း လုံခြုံရေးအတွက် နေရာချထားသည်ဟု သိရသည်။
မိုးကောင်းမြို့နယ်တွင် အခြေခံပညာကျောင်း စုစုပေါင်း ၁၂၀ ကျော်ရှိပြီး ၂၀၁၉-၂၀၂၀ ပညာသင်နှစ်များတွင်
ကျောင်းတက်သည့် ကျောင်းသားဦးရေ စုစုပေါင်း ၃ သောင်းခန့်ရှိကြောင်း ပညာရေးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။
သင့်ထင်မြင်ချက်ရေးပေးပါ

Leave a Reply

Your email address will not be published. Required fields are marked *