စစ်ကိုင်းတိုင်း၊ ကသာမြို့တွင် ယမန်နေ့ မေလ ၃၁ ရက်နေ့က စစ်ကောင်စီတပ်အား KIA နှင့် PDF တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးသူများရှိခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

ကသာမြို့နှင့် ၁၂ မိုင်ခန့်ကွာဝေးသည့် မဲဟင်းရွာဘက်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ သေဆုံးသူနှင့် ဒဏ်ရာရရှိသူ ၁၀ ဦးကျော်ရှိသည်ဟု ဒေသခံတစ်ဦးက The 74 Media ကို ပြောသည်။
“ကသာ မဲဟင်းရွာဘက်ဟုတ်တယ်၊ PDFနှင့် KIA တွေပူးပေါင်းပြီးတော့ တိုက်တာတော့ဟုတ်တယ်၊
ခမရ ၃၀၉ ကစစ်သားတွေတော့မဟုတ်ဘူး၊ အောက်ပိုင်းကစစ်ကူတွေဟုတ်တယ် သေတာ ၅ ယောက်လောက်ရှိတယ်ကြားတယ် ဒဏ်ရာရလို့ ဆေးရုံရောက်နေတာ ၁၀ ယောက်ကျော်လောက်ရှိတယ်” ဟု ပြောသည်။
မေလ ၃၀ ရက်နေ့ကလည်း ကသာမြို့တွင် ရပ်ကွက် ၄ အုပ်ချုပ်ရေးမှုးနေအိမ်နှင့် မြို့နယ်ပညာရေးမှုးရုံးတို့တွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်ဟု သိရသည်။
– ပုံဟောင်းပြန်လည်အသုံးပြုထားသည်။
သင့်ထင်မြင်ချက်ရေးပေးပါ