ဖားကန့်မြို့တွင် စစ်ရဟတ်ယာဉ်နှစ်စီးပျံသန်း

ဖားကန့်မြို့နယ်တွင် ယနေ့နံနက်ပိုင်းက ပစ်ခတ်မှုအချို့ဖြစ်ပေါ်ခဲ့ပြီး ယနေ့ညနေ ငါးနာရီခွဲခန့်တွင် စစ်ရဟတ်ယာဉ် နှစ်စီးပျံသန်းခဲ့သည်ဟု သိရသည်။

ဖားကန့်မြို့တွင် စစ်ရဟတ်ယာဉ်နှစ်စီးပျံသန်း

 

ဖားကန့်မြို့နယ် လယ်ပြင်စစ်ဆေးရေးဂိတ်အနီးရှိ ယမ်းချက်စက်ရုံအနီး ယနေ့ မေလ ၃၀ ရက်နံနက်ပိုင်းတွင် ပစ်ခတ်မှုအချို့ဖြစ်ပေါ်ခဲ့ပြီး ယနေ့ညနေပိုင်းတွင် စစ်ရဟတ်ယာဉ်နှစ်စီး ပျံသန်းခဲ့ခြင်းဖြစ်သည်။
“လုံးခင်း ယမ်းချက်စက်ရုံကနေ ဒီမနက် ပစ်သံတွေ မိုင်းသံတွေလား မသိဘူး အသံတော့ ကြားရတယ်၊ အဲ့တာကြောင့်နဲ့တူတယ်” ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။
ရဟတ်ယာဉ်နှစ်စီးသည် လုံးခင်းဘက်သို့ ဦးတည်ပျံသန်းသွားခြင်းဖြစ်သည်။
“တစ်စီးနဲ့တစ်စီး သိပ်မကြာဘူး စက္ကန့်ပိုင်းလောက်ပဲ ကြာတာ၊ တစ်စင်းက ဗျူဟာကုန်းဘက်ကို ဆင်းသွားတယ်၊လုံးခင်းဘက်ခြမ်းကိုသွားလိုက်တာ” ဟု မျက်မြင်တွေ့ရှိသူ အခြားတစ်ဦးက The 74 Media ကိုပြောသည်။

ကချင်ပြည်နယ်ရှိ ပူတာအိုနှင့် မိုးညှင်းမြို့များတွင် ယနေ့နံနက်ပိုင်းက စစ်ကောင်စီတပ်နှင့် ကေအိုင်အေတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ