ကေအိုင်အေ (kia)

ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် ယနေ့ညနေပိုင်း ၃ နာရီခွဲခန့်မှစတင်ပြီး စစ်ကောင်စီတပ်နှင့် KIA တပ်ဖွဲ့တို့ကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေသည်ဟု ဒေသခံများထံမှ သိရသည်။

တန်ဂျာနှင့် လုံရှာယန်ကျေးရွာကြားတွင် ပစ်ခတ်မှုတွင် တိုက်ပွဲပြန်လည်စတင်နေသည်ဟု ဒေသခံတစ်ဦးက The 74 Media ကို ပြောသည်။
“အခုလည်းပြန်တိုက်နေကြပြန်ပြီ၊ သူတို့ဒီမနက်ကဆေးရုံကျောင်းတွေမှာ တပ်ချထားပြီးတော့ ခဏကမြစ်ကြီးနားကိုပြန်ဆင်းသွားတဲ့ စစ်သားတွေနဲ့ပြန်တိုက်နေကြတာ” ဟု ပြောသည်။
ပစ်ခတ်တိုက်ခိုက်မှုကြောင့် တိုက်ပွဲဖြစ်ပွားသည့် အနီးအနားဝန်းကျင်ရှိရွာများမှ ဒေသခံများထွက်ပြေးတိမ်းရှောင်သူများရှိသော်လည်း အရေအတွက်မည်မျှရှိသည်ကို The 74 Media ကစုံစမ်းနေဆဲဖြစ်သည်။

ပူတာအိုမြို့နယ် လုံရှာယန်ကျေးရွာအနီး ယနေ့နံနက် ၆ နာရီခွဲခန့်ကလည်း စစ်ကောင်စီတပ်၏ ယာဉ်တန်းကို KIA တပ်က ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ