ဗုံးပေါက်ကွဲမှုကြောင့် ​သေဆုံးသွား​သူမှာအသက် ၁၈နှစ်အရွယ်

ရှမ်းပြည်နယ်၊ မူဆယ်မြို့တွင် ဗုံးပေါက်ကွဲမှုကြောင့် ​သေဆုံးသွားသူမှာ မူဆယ်မြို့ အမှိုက်နှင့်မိလ္လာသိမ်းဆည်းရေးဝန်ဆောင်မှုလုပ်ငန်းမှ အသက် ၁၈နှစ်အရွယ်​​ မောင်ဖိုးသင်္ကြန်ဖြ​စ်​ကြောင်းသိရသည်။

မောင်ဖိုးသင်္ကြန်သည် ယ​နေ့ နံနက် ၈နာရီခွဲခန့်က
မူဆယ်မြို့၊ စျေးရပ်ကွက်၊ ပြည်ထောင်စုလမ်းမကြီးပေါ်၌ အမှိုက်သိမ်းလုပ်ငန်းများဆောင်ရွက်နေစဉ် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကာ သေဆုံးသွားခြင်းဖြစ်သည်။
မူဆယ်မြို့ အမှိုက်နှင့်မိလ္လာသိမ်းဆည်းရေးဝန်ဆောင်မှုလုပ်ငန်းဖြစ်​သော အမြွှာစက်မှုလုပ်ငန်းကုမ္ပဏီကလည်း မောင်ဖိုးသင်္ကြန် ​သေဆုံးခဲ့သည့်အတွက်
ဝမ်းနည်း​ကြောင်း ထုတ်ပြန်ထားပြီး ၎င်းတို့၏ ဝန်​ဆောင်မှုလုပ်ငန်းများကိုလည်း နှစ်ရက် ရပ်နားသွားမည်ဟုဆိုသည်။
ဗုံး​ပေါက်ကွဲမှု​ကြောင့် မောင်ဖိုးသင်္ကြန်အပြင် အခြားတစ်ဦးမှာလည်း ခြေတစ်ဖက်ပြတ်​တောက်သွား​ကြောင်း မူဆယ်​မြို့ခံများက​ပြောသည်။

Photo credit to rightful owner

သင့်ထင်မြင်ချက်ရေးပေးပါ