မီးသတ်ကားတိမ်း​မှောက်မှု​ကြောင့် ဆုံးပါးသွား​​သော မီးသတ်တပ်ဖွဲ့ဝင်နှစ်ဦး၏ ဈာပနပြုလုပ်

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့တွင် မီးသတ်ကားတိမ်း​မှောက်မှု​ကြောင့် ဆုံးပါးသွား​သော မီးသတ်တပ်ဖွဲ့ဝင်နှစ်ဦး၏ ဈာပနအခမ်းအနားကို ယနေ့ မွန်းလွဲ သုံးနာရီတွင် ကျင်းပခဲ့သည်။

မီးသတ်ကားတိမ်း​မှောက်မှု​ကြောင့်  ဆုံးပါးသွား​​သော မီးသတ်တပ်ဖွဲ့ဝင်နှစ်ဦး၏ ဈာပနပြုလုပ်

 

အသက် ၂၄နှစ်အရွယ် ဒုတပ်ကြပ် ဥာဏ်ထက်ဦးနှင့်အသက် ၂၁နှစ်အရွယ် တပ်သား အာကာဖြိုးတို့ နှစ်ဦးသည် ယမန်နေ့က စက်​တောကုန်း အလယ်တန်းစာသင်ကျောင်း မီးလောင်မှုဖြစ်ပွားခဲ့ရာတွင် မီးငြှိမ်းသတ်ရန်သွားသည့် လမ်းတွင် ယာဉ်မတော်တမှုဖြစ်ပွား၍ သေဆုံးခဲ့ခြင်းဖြစ်သည်။
တပ်ဖွဲ့ဝင်နှစ်ဦးအား ဆုံးရှုံးမှုကြောင့် စိတ်မကောင်းဖြစ်မိ​ကြောင်း မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးမှ The 74 Media ကိုပြောသည်။
“ရဲဘော်ရဲဘက်ကောင်းတွေ ဆုံးရှုံးလိုက်ရလို့ စိတ်တော့မကောင်းဘူးပေါ့နော်။ ဒါပေမယ့် သူတို့အတွက်တော့ ဂုဏ်ယူမိပါတယ်”ဟု ပြောသည်။
အဆိုပါ မီးသတ်တပ်ဖွဲ့ဝင်နှစ်ဦး၏ ဈာပနအခမ်းအနားတွင် ဒေသခံပြည်သူများ လူဦး​ရေ သုံးရာကျော်ခန့်လိုက်ပါပို့ဆောင်ခဲ့ကြောင်း သူကဆက်ပြောသည်။

Photo : CJ

သင့်ထင်မြင်ချက်ရေးပေးပါ