၂၀၀၈ အခြေခံဥပဒေရေးဆွဲရေးကော်မတီဥက္ကဋ္ဌ ဦးအောင်တိုး ကွယ်လွန်

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုရေးဆွဲရာကော်မတီတွင် ဥက္ကဋ္ဌ အဖြစ်တာဝန်ထမ်းဆောင်ခဲ့သည့် နိုင်ငံတော် တရားသူကြီးချုပ်(ငြိမ်း) ဦးအောင်တိုးသည် ယမန်နေ့ မေလ ၂၄ ရက်နေ့ည ၆ နာရီ မိနစ် ၄၀ အချိန်တွင် ကွယ်လွန်ခဲ့ကြောင်း မြန်မာ့အလင်းသတင်းစာ၌ ဖော်ပြချက်အရ သိရသည်။

ကွယ်လွန်ချိန်တွင် အသက် ၉၆ နှစ်အရွယ်ရှိပြီဖြစ်ပြီး မနက်ဖြန် မေလ ၂၆ ရက်နေ့ ညနေ ၃ နာရီတွင် မီးသဂြိုဟ်သွားမည်ဟု သိရသည်။
သူသည် မြန်မာနိုင်ငံ၏ ပြည်ထောင်စုတရားသူကြီးချုပ်အဖြစ် ၁၉၈၈ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

မြန်မာနိုင်ငံ၏ ပြည်ထောင်စုတရားသူကြီးချုပ်အဖြစ် နှစ်ပေါင်း ၂၂ နှစ်ခွဲ တာဝန်ထမ်းဆောင်ခဲ့ရာ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက်ပိုင်း သက်တမ်းအကြာဆုံး ပြည်ထောင်စု တရားသူကြီးချုပ်တစ်ဦး ဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ