ပန်ဝါမြို့တွင် ရဟတ်ယာဉ်နှစ်စီးပျံဝဲ

ကချင်ပြည်နယ် အထူးဒေသ (၁) ပန်ဝါမြို့တွင် ယနေ့ မေလ ၂၂ ရက်နေ့ နေ့လည် ၂ နာရီခန့်က ရဟတ်ယာဉ်နှစ်စီးပျံသန်းခဲ့သည်ဟု သိရသည်။

ပန်ဝါမြို့တွင် ရဟတ်ယာဉ်နှစ်စီးပျံဝဲ

 

နယ်ခြားစောင့်တပ်များအုပ်ချုပ်သည့် ပန်ဝါမြို့တွင် ရဟတ်ယာဉ်နှစ်စင်းရောက်ရှိလာပြီး တစ်စင်းမှာ နယ်ခြားစောင့်တပ်စခန်းအနီး ပျံဝဲနေပြီး တစ်စီးမှာ ပန်ဝါ ဘောလုံးကွင်းတွင် လာရောက်ဆင်းသက်သွားကြောင်းဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“ပန်ဝါဗျူဟာမှူးရာထူးတိုးသွားလို့ အသစ်တစ်ယောက်လာပို့တယ်လို့ပြောတယ် လေယာဉ်နှစ်စင်းတက်လာတယ် တစ်စင်းကမဆင်းဘူး ဝေဟင်ကနေ လုံခြုံရေးယူပေးတယ် တစ်စင်းက ပန်ဝါဘောလုံးကွင်းမှာ ၁၀ မိနစ်လောက် ရပ်ပြီး ပြန်သွားတယ်” ဟု သူကပြောသည်။

ပန်ဝါမြို့သည် ချီဖွေမြို့နယ်ဧရိယာအတွင်းရှိ မြို့နယ်တစ်ခုဖြစ်ပြီး လူဦးရေ တစ်ထောင်ကျော်ရှိကာ လာချိဒ်နှင့် လော်ဝေါ်လူမျိုးစုများ အများစုနေထိုင်ကြသည်။

သင့်ထင်မြင်ချက်ရေးပေးပါ