ချီ​ဖွေမြို့တွင် ယ​နေ့မှ စတင်ပြီး ​ကျောင်းအပ်လက်ခံမည်

ကချင်ပြည်နယ်၊ ချီဖွေမြို့တွင် ယ​နေ့မှစတင်ပြီး အခြေခံပညာကျောင်းများ၌ ကျောင်းအပ်စတင်လက်ခံမည်ဖြစ်ကြောင်းသိရသည်။

ချီ​ဖွေမြို့တွင် ယ​နေ့မှ စတင်ပြီး ​ကျောင်းအပ်လက်ခံမည်

22

ချီဖွေမြို့ရှိ အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံ​ရေးအတွက် စစ်​ကောင်စီမှ စီစဥ်​နေ​ကြောင်းအမည်မ​ဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။
“ပညာရေးဌာနက ၂၂ရက်နေ ကျောင်းအပ်ရမယ်ပေါ့။ အခု မြို့နယ်စီမံကနေ စီစဉ်နေတာတော့ရှိတယ်။ ကျောင်းဖွင့်ဖို့ အတွက် ပညာရေးကလည်း ဆရာမတွေ အကုန်လုံးကို ပြန်ခေါ်မှာ​ ပညာရေးမှူး ပြောတာ” ဟု ၎င်းကပြောသည်။
ချီ​ဖွေမြို့​နေ မိဘများတွင် ၎င်းတို့၏သားသမီးများကိုကျောင်းအပ်နှံမည့်မိဘများထက် ​ကျောင်းမအပ်နှံမည့်မိဘများ ပိုများ​ကြောင်းသူကဆိုသည်။
​ကျောင်းသားမိဘတစ်ဦးက စစ်​ကောင်စီလက်​အောက်ခံပညာ​ရေးတွင် ၎င်း၏ သားသမီးကို ​ကျောင်းထားမည်မဟုတ်​ကြောင်း The 74 Media ကိုပြောသည်။
“ကျွန်မတို့က စစ်ကောင်စီရဲ့ လက်ထက်မှာ ကျောင်းမထားချင်ဘူးပေါ့ အရင်ဒီမိုကရေစီအစိုးရလက်ထက်တော့ ထားချင်တယ်။ ပြီးတော့ ကျွန်မတို့ကို ကျောင်းမအပ်ရင် ဖမ်းမယ်လို့ ပြောနေတာ ” ဟုပြောသည်။
ထို့အပြင် ချီဖွေမြို့တွင် ကျောင်းအပ်လက်ခံရန်အတွက် တာဝန်ကျ ဆရာ၊ဆရာမ အချို့ ရောက်ရှိနေပြီဖြစ်ကြောင်းလည်း ပြောသည်။
“မြို့နယ်ရဲ့ တစ်ချို့ဆရာမ တွေလည်း ရောက်နေပြီ။ မရောက်သေးတဲ့ ဆရာမတွေကိုလည်း ပြန်ခေါ်မှာ​တဲ့။ ဆရာ၊ ဆရာမ မလောက်ရင်လည်း လောက်အောင် သင်မှာတဲ့” ဟု သူကဆက်ပြောသည်။
ချီဖွေမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း ၇၀ ကျော်ရှိပြီး CDM တွင်ပါဝင်​နေသာ ဆရာ၊ ဆရာမပေါင်း ၁၈၀ ကျော်ရှိသည်။

ပုံ- ၂၀၂၀ခုနစ် ဧပြီလအတွင်းက ရိုက်ကူးထားခြင်းဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ