မိုးမောက်တွင် စစ်ကောင်စီက ရမ်းတမ်းပစ်ခတ်သဖြင့် လူနေအိမ်မီးလောင်

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ် မြို့သစ်ကျေးရွာ နမ့်မော်ချောင်းတွင် ယနေ့ည ၈ နာရီခန့်က စစ်ကောင်စီတပ်များ ရမ်းတမ်းပစ်ခတ်မှုကြောင့် ရွာထဲမှ နေအိမ်များ မီးလောင်မှုဖြစ်ပွားခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

မိုးမောက်တွင် စစ်ကောင်စီက ရမ်းတမ်းပစ်ခတ်သဖြင့် လူနေအိမ်မီးလောင်

 

” စစ်ကောင်စီက ရမ်းပစ်နေသာ လက်နက်ကြီးတွေရော သေနတ်တွေရောပါတယ်။ တစ်အိမ်ပြီး တစ်အိမ်လောင်နေတာ။ ၃ အိမ်လောက်ရှိပြီ လောင်နေတာ” ဟုပြောသည်။
လက်နက်ကြီးကျည်ဆံသည် မြို့ဦးစေတီ ထိုင်တော်မူဘုရားအနီးရှိနေအိမ်များတွင် ကျရောက်ခဲ့သဖြင့် မီးလောင်သွားသည်ဟု အခြားဒေသခံတစ်ဦးက ပြောသည်။

မိုးမောက်မြို့နယ်အတွင်း ယမန်နေ့မှစတင်ကာ တိုက်ပွဲများပြန်လည် ပြင်းထန်လာပြီး စစ်ကောင်စီကလည်း စစ်အင်အားထပ်မံတိုးချဲ့လျက်ရှိသည်။

သင့်ထင်မြင်ချက်ရေးပေးပါ