မိုးကောင်းတွင် အမည်မသိသေနတ်သမားများ ပစ်သတ်သဖြင့် တစ်ဦးသေဆုံး

ကချင်ပြည်နယ် မိုးကောင်းမြို့ နောင်ကိုင်တော်ရပ်ကွက် ရှမ်းပိုင်း အရှေ့ပြင်၌ ယနေ့ညနေ လေးနာရီခန့်က အမည်မသိသေနတ်သမားများ ပစ်ခတ်သဖြင့် အမျိုးသားတစ်ဦးပွဲချင်းပြီးသေဆုံးသွားသည်ဟု သိရသည်။

သေနတ်သမားများသည် ဆိုင်ကယ်ဖြင့် လာရောက်ပြီး ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“တစ်ယောက်ပွဲချင်းပြီးသေသွားတယ်၊ နှစ်ယောက်တော့ လွတ်သွားတယ်၊ လာပစ်တဲ့သူတွေက ဆိုင်ကယ်နဲ့လာတာ” ဟု ပြောသည်။

သေနတ်ဖြင့် ပစ်ခတ်ခဲ့သူများသည် မည်သည့်လက်နက်ကိုင်အဖွဲ့မှ ပစ်ခတ်ခဲ့သည်ဆိုသည်နှင့် သေဆုံးသူသည် မည်သည့်အကြောင်းအရင်းကြောင့် ပစ်ခတ်ခံခဲ့ရသည်ကို မသိရှိရသေးပါ။

သင့်ထင်မြင်ချက်ရေးပေးပါ