ကချင်ပြည်နယ်၊ ရွှေကူမြို့ရှိ မင်းကျောင်းကုန်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များစီးနှင်းလာသည့် သင်္ဘောတစ်စီးကို ကေအိုင်အေက ယနေ့နံနက် ၁၁ နာရီဝန်းကျင်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ရွှေကူမြို့ရှိ မင်းကျောင်းကုန်းအနီး စစ်ကောင်စီသင်္ဘောတစ်စီ

 

စစ်ကောင်စီသင်္ဘောသည် အထက်သို့ဆန်တက်လာစဉ် မင်းကျောင်းကုန်းရွာအရောက်တွင် ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု မျက်မြင်တွေ့ရှိသူဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“စစ်ကောင်စီသင်္ဘောကို လှမ်းပစ်တာ။ သင်္ဘောကတော့ တစ်စီးတည်း သေနတ်သံတွေရော လက်နက်ကြီးသံတွေလည်း ကြားရတယ် နှစ်ဖက်ပစ်ခတ်ကြတာ။ အခုတော့ အောက်ဘက်ပြန်စုန်ဆင်းနေပြီ စစ်ကောင်စီဘက်က အထိအခိုက်ရှိတယ်” ဟု ပြောသည်။
ပစ်ခတ်ခံရခြင်းကြောင့် စစ်ကောင်စီသင်္ဘောသည် ပြန်လည်ဆုတ်ခွာနေပြီး ရွာရှေ့ရှိ သဲသောင်ပြင်အစပ်တစ်နေရာတွင် ရပ်နားထားကြောင်း သူကဆက်ပြောသည်။

ပစ်ခတ်မှုကြောင့် သင်္ဘောပေါ်တွင် လူထိခိုက်မှု ရှိ၊ မရှိနှင့် သင်္ဘောပေါ်တွင် မည်သည့်ပစ္စည်းများတင်ဆောင်သည်ကိုတော့ မသိရှိရသေးပါ။

သင့်ထင်မြင်ချက်ရေးပေးပါ