မိုးညှင်းမြို့

မိုးညှင်းမြို့တွင် အားကစားသမားသုံးဦးကို စစ်ကောင်စီတပ်ဖွဲ့ ဝင်များက မေလ ၁၈ ရက် ညပိုင်းက နန့်ပုတ်ကျေးရွာအနီး ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ဖမ်းဆီးခံရသူသုံးဦးမှာ ကိုမောင်လေး၊ ကိုကြက်ပတီးနှင့် ကိုမင်းသုမွန်တို့ဖြစ်ကြသည်။
ဖမ်းဆီးခံရသည့်သုံးဦးသည် ညမထွက်ရသတ်မှတ်ထားသည့် ည ၈ နာရီခန့်တွင် စစ်သားများနှင့် စကားများကြပြီး စစ်သားများက သေနတ်ပစ်ဖောက် ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ထို့အပြင် နန်းမားမြို့ရှိ စားသောက်ဆိုင်ပိုင်ရှင် ဦးသန်းစိုးနှင့်ဇနီးဖြစ်သူ ဒေါ်ချောစုတို့ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု နန်းမားရွာခံများကပြောသည်။
ဦးသန်းစိုးနှင့်ဇနီးကိုစစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားရသည့် အကြောင်းရင်း ကို The 74 Media က စုံစမ်းနေဆဲဖြစ်သည်။

မိုးညှင်းမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ညအချိန် ဖမ်းဆီးမူများ ဆက်တိုက်ပြုလုပ်နေပြီး မေ ၁၇ ရက်ညက CDM တွင်ပါဝင်သည့် အရှေ့စုရပ်ကွက်မှ ဆရာမဒေါ်အေးမြသီတာကို ဖမ်းဆီးခေါ်ဆောင်သွားသည်။

သင့်ထင်မြင်ချက်ရေးပေးပါ