ကွတ်ခိုင်မြို့အနီး စစ်ကောင်စီတပ်နှင့် ကေအိုင်ကေအကြား တိုက်ပွဲထပ်မံဖြစ်ပွား

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ရှိ နမ့်ပါချီးကျေးရွာအနီးတွင် ယနေ့ နံနက် ၇:၃၀ နာရီဝန်းကျင်မှစတင်ပြီး စစ်ကောင်စီတပ်နှင့် ကေအိုင်အေအကြား တိုက်ပွဲထပ်မံဖြစ်ပွားခဲ့သည်ဟု သိရသည်။

ကွတ်ခိုင်မြို့အနီး စစ်ကောင်စီတပ်နှင့် ကေအိုင်ကေအကြား တိုက်ပွဲထပ်မံဖြစ်ပွား

 

ကွတ်ခိုင်မြို့အထွက်တွင် လေယာဉ်ဆီတင်ဆောင်ထားသော ဆီဘောက်ဆာကားကို ကေအိုင်အေမှ ပစ်ခတ်တိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်နှင့် ကေအိုင်အေကြား တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသခံတစ်ဦးက The 74 Media ကို ပြောသည်။
“မူဆယ်မြို့ကနေ ကွတ်ခိုင်မြို့အထွက် တစ်မိုင်ကျော် နမ့်ပါချီးရွာနားမှ ဒီမနက် ခုနှစ်နာရီကျော်မှာ ဆီဘောက်ဆာကား ထပ်အပစ်ခံရတာ။ ပစ်ပြီးတဲ့နောက် တပ်နဲ့ KIA အပြန်အလှန်ပစ်ခတ်ကြတာပါ။ လူထိခိုက်တာတော့ မကြားမိသေးပါဘူး”ဟု ပြောသည်။

ဆီဘောက်ဆာကားမှာ မီးလောင်ပျက်စီးသွားပြီ ပစ်ခတ်သံများ ရပ်နားသွားသော်လည်း နှစ်ဦးနှစ်ဖက်မှ ပြန်လည်ဆုတ်ခွာသွားခြင်းမရှိကြောင်း သူကဆက်ပြောသည်။

သင့်ထင်မြင်ချက်ရေးပေးပါ

Leave a Reply

Your email address will not be published. Required fields are marked *