အကောင်းဆုံးအမျိုးသားဝတ်စုံဆု မြန်မာအလှမယ်ရရှိ

အမေရိကန်နိုင်ငံတွင် ယှဉ်ပြိုင်နေသည့် ၆၉ ကြိမ်မြောက် Miss Universe ပြိုင်ပွဲတွင် မြန်မာအလှမယ်သူဇာဝင့်လွင်၏ ချင်းရိုးရာဝတ်စုံသည် Best National Costume ဆုရရှိခဲ့သည်။

ထို့အပြင် မြန်မာအလှမယ်သည် ထိပ်ဆုံး ၂၁ ဦးစာရင်း (Top 21) ဝင်ခဲ့သဖြင့် မြန်မာ့သမိုင်းတွင် ထိပ်ဆုံး ၂၁ ဦးစာရင်းဝင် ပထမဆုံး မြန်မာအလှမယ်ဖြစ်လာမည်ဖြစ်သည်။
မြန်မာအလှမယ်သူဇာဝင့်လွင်သည် မယ်စကြာဝဋ္ဌာ ပြိုင်ပွဲ၏ National costume ပြိုင်ပွဲတွင် “Pray for Myanmar” (မြန်မာပြည်အတွက် ဆုတောင်းပေးပါ) ဆိုသည့် စာတန်းကို ကိုင်ဆောင်ပြီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

ယခင်က မယ်စကြာဝဋ္ဌာ ပြိုင်ပွဲတွင် မိုးစက်ဝိုင်၊ မေဘရဏီသော်၊ သျှားထွဋ်အိန္ဒြာ၊ ထက်ထက်ထွန်း၊ ဇွန်သံဇဉ်၊ နှင်းသွေးယုအောင် နှင့် ဆွေဇင်ထက် စသည့် မြန်မာအလှမယ်များ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် Best National costume အလှမယ် ထက်ထက်ထွန်းက ရရှိခဲ့ဖူးသည်။

သင့်ထင်မြင်ချက်ရေးပေးပါ