မိုးကုတ်မြို့ရှိ စစ်ဗျူဟာကုန်းနှင့် ​ထွေအုပ်ရုံးတွင် လက်နက်ကြီး ကျ​ရောက်​ပေါက်ကွဲ

မိုးကုတ်မြို့ရှိ စစ်ဗျူဟာကုန်း အရာရှိအိမ်ယာအနီး​နှင့် ​ထွေအုပ်ရုံးအုတ်တံတိုင်းတို့တွင် ယ​နေ့ ည​နေပိုင်း ၅နာရီနှင့် ၆နာရီကြားတွင် လက်နက်ကြီး ကျ​ရောက်​ပေါက်ကွဲခဲ့​ကြောင်း မိုးကုတ်​ဒေသခံများထံမှသိရသည်။

မိုးကုတ်မြို့ရှိ စစ်ဗျူဟာကုန်းနှင့် ​ထွေအုပ်ရုံးတွင် လက်နက်ကြီး ကျ​ရောက်​ပေါက်ကွဲ

လက်နက်ကြီးသည် စစ်ဗျူဟာကုန်းနှင့် ​ထွေအုပ်ရုံး အုတ်တံတိုင်းတို့တွင် ထိမှန်ခဲ့ခြင်းဖြစ်​ကြောင်း လုံခြုံ​ရေး​ကြောင့် အမည်မ​ဖော်လိုသူ မိုးကုတ်​ဒေသခံတစ်ဦးက The 74 Media ကို​ပြောသည်။
“မိုးကုတ် စစ်ဗျူဟာကုန်းက အရာရှိနေတဲ့နေရာ ရေကန်အနီးမှာ လက်နက်ကြီးပေါက်ကွဲတယ်။ နောက်တစ်ချက်က ထွေအုပ် အုတ်တံတိုင်းကို သွားထိတယ်။ အသံကတော့ ကျွန်တော်ကိုယ်တိုင်ကြားတာအကျယ်ကြီးပဲ” ဟုဆိုသည်။

ထိုသို့ ကျ​ရောက်​ပေါက်ကွဲခဲ့​သော​ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများ မရှိ​သော်လည်း စစ်ဗျူဟာကုန်းအနီး​တွင် လက်နက်ကြီးကျ​ရောက်​ပေါက်ပြီး​နောက် အရှိန်ဖြင့်​မောင်းနှင်လာ​သော Probox ​ယာဥ်က ဆိုင်ကယ်တစ်စီးကို ဝင်တိုက်ခဲ့​သော​ကြောင့် ဆိုင်ကယ်ယာဥ်​မောင်းထိခိုက်ဒဏ်ရာရရှိခဲ့​ကြောင်း သိရသည်။

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မြို့အတွင်းရှိ ကန်ဘောင်တံတားနှစ်စင်းအနားတွင် လမ်းသွားလမ်းလာများအား စစ်ဆေးမှုများပြုလုပ်နေကြောင်းသိရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ