ဖားကန့်တွင် မြေစာပုံပြိုကျပြီး ပျောက်ဆုံးနေသူများကို ရှာဖွေရေးစတင်

ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု နမ့်မော်ကျေးရွာ ဆန်းရွှင်ကုမ္ပဏီလုပ်ကွက်အတွင်း ယမန်နေ့ည ၈ နာရီခန့်က မြေစာပုံပြိုကျခဲ့သည့် ဖြစ်စဥ်အတွင်း ပျောက်ဆုံးနေသူများကို ယနေ့

နံနက် ၇နာရီခန့် မှစတင်ကာ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေကြောင်းသိရှိရသည်။

ဖားကန့်တွင် မြေစာပုံပြိုကျပြီး ပျောက်ဆုံးနေသူများကို  ရှာဖွေရေးစတင်

 

ပျောက်ဆုံးနေသူများကို ဆက်လက်ရှာဖွေရန် အန္တရာယ်များသဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ယနေ့ မေလ ၁၆ ရက်နံနက်မှသာ ရှာဖွေရခြင်းဖြစ်သည်။
မြေစာပုံပြိုကျသည့် ဆန်းရွှင်ကုမ္ပဏီလုပ်ကွက်တွင် လက်ကျင်းတူးသူများက ကျောက်စိမ်းတူးဖော်နေစဉ် မြေစာပုံပြိုကျခြင်းဖြစ်သည် ။
ဖားကန့်မြို့နယ်အတွင်းရှိ ကျောက်စိမ်းလုပ်ကွက်များတွင် မိုးတွင်းကာလများအတွင်းမြေစာပုံပြိုကျမှုကြောင့် လူသေဆုံးမှုများမကြာခဏဖြစ်ပွားလေ့ရှိပြီး ၂၀၂၀ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့တွင် လုပ်ကွက်ဟောင်းအတွင်းမြေစာပုံပြိုကျသဖြင့် လူနှစ်ရာနီးပါးသေဆုံးခဲ့သည်။

ဆက်လက်ဖော်ပြပါမည်။

သင့်ထင်မြင်ချက်ရေးပေးပါ