ဝိုင်းမော်မြို့ ညသပိတ်တွင် လူငယ်တစ်ဦးဖမ်းဆီးခံရ

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့ ရပ်ကွက်(၂)တွင် အာဏာရှင်ကိုဆန့်ကျင့်သည့် ညသပိတ် ပြုလုပ်ပြီး လူစုခွဲချိန်တွင် လူငယ်တစ်ဦးဖမ်းဆီးခံရကြောင်းသိရသည်။

ဝိုင်းမော်မြို့တွင် မေလ ၁၅ ရက်နေ့ည ၈ နာရီ အချိန်ခန့်က စစ်အာဏာရှင်စနစ် ဆန့်ကျင်သည့် ညသပိတ်ပြုလုပ်ပြီး လူစုခွဲပြီးချိန်တွင် စစိကောင်စီတပ်ဖွဲ့ဝင်များမှ အိမ်စီးကားနှင့် လိုက်လံဖမ်းဆီးခဲ့ကြောင်း သပိတ်တွင်ပါဝင်သူတစ်ဦးက The 74 Media ကိုပြောသည်။
“လူစုခွဲပြီး အဲ့နောက်မှာ အိမ်စီးကားနှစ်စီးနဲ့ ကားကိုအရှိန်နဲ့မောင်းပြီးလိုက်တယ်။ အားလုံးကလည်း အစုနဲ့အစုပြေးကြတယ်။ ကောင်လေးတစ်ယောက်ကိုတော့ ဖမ်းမိသွားတယ်။ အရပ်ဝတ်ရော ရဲဝတ်စုံနဲ့တွေရောပါတယ် အင်အားက ၁၀ ယောက်လောက်ရှိတယ်။”ဟု ပြောသည်။
ဖမ်းဆီးစဉ် ရိုက်နှက်မှုရှိသည်ဟု သိရသည်။ အဖမ်းခံရသူမှာ အသက် ၂၀ ဝန်းကျင်ရှိ မောင်နောင်မော ဆိုသူဖြစ်သည်။

ဝိုင်းမော်မြို့​၏ စစ်အာဏာရှင်စနစ် ဆန့်ကျင်သည့် သပိတ်တွင်ဦးဆောင်သူနှစ်ဦးအား ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကလည်း ဖမ်းဆီးအရေးယူမှုများ ရှိခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ