စစ်​ကောင်စီဥက္ကဌဖလား ​မြစ်ကြီးနားခရိုင်အသင်း ဗိုလ်စွဲ

ကချင်ပြည်နယ် စစ်ကောင်စီဥက္ကဋ္ဌဖလား ခရိုင်​​ပေါင်းစုံအသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင်
မြစ်ကြီးနားခရိုင်အသင်း ဗိုလ်စွဲခဲ့​ကြောင်းသိရသည်။


ပထမဆုရရှိခဲ့​သော မြစ်ကြီးနားခရိုင်အသင်းသည် ဆု​ငွေ ၁၅သိန်း၊ ဒုတိယဆုရရှိခဲ့​သော ပူတာအိုခရိုင်အသင်းမှာ ​ငွေ ၁၀သိန်း၊ တတိယဆုကို ပူးတွဲရရှိခဲ့​သော မိုးညှင်းနှင့်ဗန်းမော်ခရိုင်အသင်းတို့မှာ ၈သိန်းရရှိခဲ့သည်။
စစ်​​ကောင်စီဘောလုံးပွဲတွင်ပါဝင်ခဲ့သူအချို့ကို The 74 Media က ​မေးမြန်းရန်ကြိုးစားခဲ့​သော်လည်း ​ဖြေဆိုရန် ငြင်းဆန်ခဲ့ကြသည်။

 

အဆိုပါ စစ်ကောင်စီဥက္ကဌဖလား အသက် ၂၁ နှစ်အောက် ခရိုင်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲကို မြစ်ကြီးနားမြို့တွင် မေလ ၃ရက်နေ့မှ ၁၂ရက်​နေ့အတွင်းကျင်းပခဲ့ခြင်းဖြစ်သည်။

​လာမည့် ဇူလိုင်လ(သို့မဟုတ်)ဩဂုတ်လတွင်ပြုလုပ်မည့် အသက် ၂၁ နှစ်အောက် အမျိုးသား တိုင်းနှင့် ပြည်နယ်ဘောလုံးပြိုင်ပွဲအတွက် ယခုကဲ့သို့ ဘောလုံးပြိုင်ပွဲပြုလုပ်ကာ ကချင်ပြည်နယ် အတွက် လူရွေးပွဲပြုလုပ်ရခြင်းဖြစ်ကြောင်းသိရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ