ကက်သလစ်ဘုန်းတော်ကြီးတစ်ပါး ဖမ်းဆီးခံရ

ကချင်ပြည်နယ် ဗန်းမော်မြို့မှ ကက်သလစ်ဘုန်းတော်ကြီး ကိုလန်ဘန်လာဒီးအား ယနေ့ညနေပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ လာရောက်ဖမ်းခေါ်သွားကြောင်းသိရသည်။

CDM ပြုလုပ်နေသူများကို ကူညီပေးနေသည်ဟု စွပ်စွဲပြီး ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု နီးစပ်သူတစ်ဦးက The 74 Media ကိုပြောသည်။
“ဖာသာရ် က CDM လုပ်တဲ့သူတွေကို လှူထားတဲ့ ငွေတွေ ထုတ်ဖို့သွားတာ။ ဖုန်းကို လမ်းမှာစစ်လို့ အလှူစာရင်းတွေ တွေ့သွားတာလို့ ကြားတာပဲ” ဟုပြောသည်။

ဘုန်းတော်ကြီး‌ ကိုလန်ဘန်လာဒီးသည် ဗန်းမော်သာသနာ ပရန်ခူးဒုံဘုန်းတော်ကြီးတစ်ပိုင်တွင် တာဝန်ထမ်းဆောင်နေသော ဘုန်းတော်ကြီးတစ်ပါးဖြစ်‌ကြောင်းသိရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ