ဖားကန့်မြို့နယ် ယူမာကျေးရွာအုပ်ချုပ်ရေးမှူးတာဝန်မှ နှုတ်ထွက်ကြောင်း ကြေညာ

ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု ယူမာကျေးရွာအုပ်ချုပ်ရေးမှူးဦးမြင့်လွင်သည် ယနေ့ မေလ ၁၃ ရက်နေ့တွင် အုပ်ချုပ်ရေးတာဝန်မှ နှုတ်ထွက်ကြောင်း သူ၏ဖေ့စ်ဘုတ်လူမှုကွန်ရက်တွင် ကြေညာလိုက်သည်။

ကျန်းမာရေးအခြေအနေအရ နှုတ်ထွက်ခြင်းဖြစ်ကြောင်း သူ၏ဖေ့ဘုတ်တွင် အောက်ပါအတိုင်း ကြေငြာထားခြင်းဖြစ်သည်။

“ဖားကန့်မြို့နယ်၊ ဆိပ်မူအုပ်စု၊ ယူမာကျေးရွာ၊ ကျေးရွာတာဝန်ခံ ဦးမြင့်လွင်သည် ယနေ့မှစ၍ ကျန်းမာရေးအခြေအနေကြောင့် မိမိဆန္ဒအရ တာဝန်မှ အပြီးအပိုင် နှုတ်ထွက်ကြောင်း အသိပေးကြေငြာအပ်ပါသည်။”

ဦးမြင့်လွင်သည် အုပ်ချုပ်ရေးတာဝန်ထမ်းဆောင်စဉ် နာမည်ပျက်မရှိဘဲ လတ်တလောအခြေအနေများကြောင့် နှုတ်ထွက်ခြင်းဖြစ်နိုင်သည်ဟု ကျေးရွာနေပြည်သူတစ်ဦးက သူ၏အမြင်ကို ပြောသည်။

“သူက နာမည်ဆိုးထွက်တာတော့မရှိထားဘူး၊ဆန်းကြွယ်ဖြစ်စဉ်ကြောင့် သူစိုးရိမ်ပြီး ကျန်းမာရေးကြောင်းပြပြီးရှောင်သွားတာလည်းဖြစ်မယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

ဖားကန့်မြို့နယ်အတွင်း ဆယ်အိမ်မှူးတာဝန်ယူထားသူများ၊ ကျေးရွာတာဝန်ခံများကို အမည်မသိလက်နက်ကိုင်အဖွဲ့က လုပ်ကြံသတ်ဖြတ်ခံရသည့်ဖြစ်စဉ်နောက်ပိုင်း ဦးမြင့်လွင်သည် တာဝန်မှ နှုတ်ထွက်သည့် ပထမဆုံးသော အုပ်ချုပ်ရေးမှူးဖြစ်လာသည်။

သင့်ထင်မြင်ချက်ရေးပေးပါ