KIA solider

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ် မြို့သစ်မိုင်ခရိုဝေ့တောင်ခြေတွင် စစ်ကောင်စီတပ် ခမရ ၃၂၀ တပ်မှ ကချင်လွတ်လပ်ရေးတပ် KIA ရှိရာသို့ ယနေ့ မွန်းလွှဲ ၁၂ နာရီ နှင့် ၃ နာရီဝန်းကျင်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်မှုများရှိသည်ဟု ဒေသခံများထံမှ သိရသည်။

မြို့သစ်မိုင်ခရိုဝေ့တောင်ခြေမှ လက်နက်ကြီးဖြင့် ပစ်ခတ်သံများ ၁၀ ချက်ခန့် ကြားရသည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“တပ်ကနေပဲ ပစ်နေကြတာဟုတ်တယ်။ မိုင်ခိုဝေ့တောင်ခြေကနေ ဟိုနားဒီနား ပုန်းပြီး တောင်ပေါ်ဘက်ကိုပစ်တာ ဟုတ်တယ်။ ၃၂၀ ကနေလည်းပစ်နေတယ်။ ပစ်နေတာ ၁၀ ချက်အထက်တော့ရှိတယ်။ ခုတော့မကြားရတော့ဘူး” ဟုပြောသည်။
မြို့သစ်မိုင်ခရိုဝေ့တောင်ခြေတွင် စစ်ကောင်စီတပ်များ အများအပြားနေရာယူထားကြောင်းသည်ဟု သူက ဆက်ပြောသည်။

မြို့သစ်မိုင်ခရိုဝေ့တောင်ကြောကို ကေအိုင်အေများနေရာယူထားခဲ့ရမှ စစ်ကောင်စီတပ်များက တင့်ကား၊ သံချပ်ကာကားများအပြင် ဂျက်လေယာဉ်နှင့် လက်နက်ကြီးအကူအညီယူကာ အပြင်းအထန်ထိုးစစ်ဆင်ခဲ့သဖြင့် ကေအိုင်အေက မေလ ၈ ရက်နေ့တွင် အဆိုပါနေရာမှ ဖယ်ပေးခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ