ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မြို့သစ်ရပ်ကွက်တွင် နေထိုင်သည့် ဆန္ဒပြပွဲတွင်ပါဝင်သူမိန်းကလေးနှစ်ဦးယနေ့နေ့လယ် (၂)နာရီဝန်းကျင်ခန့်က ၎င်းတို့၏ နေအိမ်တွင် အဖမ်းခံရသည်ဟု သိရသည်။

ဆန္ဒပြလှုပ်ရှားမှုတွင် ကိုင်ဆောင်သွားမည့်စာသားများအား မိတ္တူဆိုင်မှကူးပြီးအပြန် နေအိမ်သို့ရောက်ရှိချိန်တွင် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း မျက်မြင်တစ်ဦးက The 74 Media ကိုပြောသည်။
“သူတို့နောက်ကိုလိုက်နေတဲ့သူရှိတယ်ထင်တယ်။ အိမ်ရောက်တာနဲ့ ချက်ချင်းဝင်ဖမ်းတာ။ လက်ထဲမှာလည်း ဆန္ဒပြပွဲမှာ ကိုင်ဆောင်မယ့် စာရွက်စာတမ်းတွေပါနေတော့ ပိုဆိုးတာပေါ့”ဟု ပြောသည်။
ဖမ်းဆီးခံရသည့် မိန်းကလေးနှစ်ဦးမှာ မမေဆန်းနှင့် မခေါခေါးတို့ဖြစ်ကြပြီး အသက် (၂၀)ဝန်းကျင်ခန့်ရှိသည်ဟု သူကဆက်ပြောသည်။
အိမ်စီးကားနှစ်စီးဖြင့် ရဲအင်အား (၁၀)ဦးခန့်က လာရောက်ဖမ်းဆီးသွားပြီး လက်ရှိတွင် ရဲစခန်းသို့ခေါ်ဆောင်စစ်ဆေးနေသည်ဟု သိရသည်။

ပုံဟောင်းပြန်လည်အသုံးပြုထားခြင်းဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ