ပစ်ခတ်သတ်ဖြတ်ခံရသည့် ဖားကန့်မြို့နယ် ဆန်းကြွယ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်မောင်

ဖားကန့်မြို့နယ်၊ ဆန်းကြွယ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်မောင်ကို မေလ ၁၀ ရက်နေ့၊ ည ၇ နာရီခန့်က သူ၏ နေအိမ်တွင် အမည်မသိ လူ ၃ ဦးက သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခံရသဖြင့် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

ပစ်ခတ်သတ်ဖြတ်ခံရသည့် ဖားကန့်မြို့နယ် ဆန်းကြွယ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်မောင်

 

သေဆုံးသွားသည့် ဦးမြင့်မောင်သည် စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်သည်ဟု ဒေသခံများထံမှသိရပြီး ကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဝင် ဟုလည်း အချို့က ဆိုသည်။
ထို့အပြင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေသည့် လူထု၏ သတင်းကို စစ်တပ်ဘက်သို့ သတင်းပေးခြင်းများ ပြုလုပ်သည်ဟုလည်း ဒေသခံများ၏ ဝေဖန်ခံနေရသူဖြစ်သည်။

ဦးမြင့်မောင်လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည့် မေလ ၁၀ ရက်နေ့ သတင်းဓာတ်ပုံများကို တင်ပြအပ်ပါသည်။

သင့်ထင်မြင်ချက်ရေးပေးပါ

Leave a Reply

Your email address will not be published. Required fields are marked *