Breaking!!!
ကချင်ပြည်နယ် မံစီမြို့နယ်တွင် ယနေ့နံနက် ၇ နာရီခွဲခန့်မှ စတင်ကာ ကချင်လွတ်လပ်ရေးတပ် KIAနှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်ဟု ဒေသခံများထံမှ သိရသည်။

Breaking!!!

မံစီမြို့နယ်တွင် ယနေ့နံနက် ၇ နာရီခွဲဝန်းကျင်မှ တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် စတင်တိုက်ခိုက်နေသည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
” စဖြစ်တာ ၇နာရီခွဲတည်းက ဖြစ်နေတာ။ ၈နာရီမှာ လက်နက်ကြီးစပစ်တာဟုတ်တယ်။ မံစီမြို့ထဲတော့ မဟုတ်ဘူး မြို့ပြင်ဘက် ကျော်ခေါင်မံဖွ မဒန်ယန်ဘက် ထင်တယ် မံစီနဲ့ နည်းနည်းလှမ်းတယ်။ ဗန်းမော်ကနေ ခုချိန်ထိ လက်နက်ကြီးသံတွေ ကြားနေရသေးတယ်” ဟုပြောသည်။
မံစီမြို့နယ်ရှိ ခမရ ၃၁၉ တပ်မှလည်း ကချင်လွပ်လပ်ရေးတပ် KIA ရှိရာဘက်တို့ လက်နက်ကြီးများဖြင့်ပစ်ကူနေသည်ဟု ဒေသခံများထံမှ သိရသည်။
တိုက်ပွဲကြောင့် ထိခိုက်မှုရှိမရှိ The 74 Mediaက ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
သင့်ထင်မြင်ချက်ရေးပေးပါ