ဂျော်ဘွမ်ဆုတောင်းတောင်
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ နောင်နန်းရပ်ကွက်ရှိ ဂျော်ဘွမ်ဆုတောင်းတောင်တွင် ယမန်နေ့ မေလ ၉ ရက်နေ့ နေ့ခင်း၌ လုယက်မှု ဖြစ်ပွားခဲ့သည်ဟု သိရသည်။

ဂျော်ဘွမ်ဆုတောင်းတောင်

 

နောင်နန်းရပ်ကွက်ရှိ ဂျော်ဘွမ်ဆုတောင်းတောင်မှ ဆင်းလာသည့် တောင်ပတ်လမ်းတွင် လူငယ်တစ်ဦး၏ဆိုင်ကယ်ကို ဓားရှည်ကိုင်ထားသည့် လူသုံးဦးက လုယက်ခဲ့သည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“ဂျော်ဘွမ်မှာ ဆုတက်တောင်းပြီး ပြန်ဆင်းလာတဲ့ချိန်ဖြစ်တာဟုတ်တယ်။ ဓားရှည်ကိုင်ပြီး လမ်းပိတ်ရပ်နေတာ အဲ့တာနဲ့သူလည်းဆိုင်ကယ်ထားခဲ့ပြီး ထွက်ပြေးခဲ့တာ။ ဆိုင်ကယ်တော့ ပါသွားတယ် လူတော့လွတ်လာတယ်။” ဟုပြောသည်။
ဆိုင်ကယ်လုယက်ခံရသူသည် နောင်နန်းကျမ်းစာသင်ကျောင်းတွင် ပညာသင်ယူနေသော ကျောင်းသားတစ်ဦးဖြစ်သည်။
ဂျော်ဘွမ်ဆုတောင်းတောင်ဆိုသည်မှာ နှစ်ခြင်းခရစ်ယာန် သက်ဝင် ယုံကြည်သူများ အလေးထားသည့် ဆုတောင်းနေရာတစ်ခုဖြစ်သည်။
သင့်ထင်မြင်ချက်ရေးပေးပါ