စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်က စစ်ကောင်စီတပ်ဆိုင်ရာ သတိပေးချက်ထုတ်ပြန်
အထူးသတိပေးချက် ထုတ်ပြန်ခြင်း
ထုတ်ပြန်ချက်အမှတ် (၁/၂၀၂၁)
၂၀၂၁ခုနှစ် မေလ ၉ရက်

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်က စစ်ကောင်စီတပ်ဆိုင်ရာ သတိပေးချက်ထုတ်ပြန်

 

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ကနီမြို့နယ်၊ ပုလဲမြို့နယ်နှင့် မင်းကင်းမြို့နယ်များတွင် ကျေးရွာများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်များက ခြိမ်းခြောက်ဝင်ရောက်ပြီး ပြည်သူတို့၏ အိုးအိမ်စည်းစိမ်များကို ဖျက်ဆီးခြင်း၊ အဓမ္မယူငင်ခြင်းနှင့် ပြည်သူများကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခြင်းများ ကျူးလွန်နေသည်မှာ အများအသိပင်ဖြစ်ပါသည်။ သို့အတွက်ကြောင့် ပြည်သူများ၏ လုံခြုံရေးကို ကာကွယ်ပေးရန်မှာ ညီညွတ်သောကျေးရွာများအင်အားစု (ခ) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၏တာဝန်ဖြစ်သည်။ ထိုကြောင့် ပြည်သူများ အန္တရာယ်ကင်းစေရန် အောက်ပါအချက်များကို ထုတ်ပြန်လိုက်သည်။
၁။ အထက်ဖော်ပြပါ မြို့နယ်များတွင် စစ်ကောင်စီတပ်များက ဘာသာရေးဆိုင်ရာယာဉ်များအပါအဝင် အရပ်ဖက်သုံးယာဉ်များကို ခြိမ်းခြောက်အသုံးပြုလျှက် ကုန်းလမ်းရေလမ်းများတွင် တပ်ဖွဲ့ဝင်များ၊ လက်နက် ခဲယမ်းများနှင့် ရိက္ခာများ သယ်ယူပို့ဆောင်ခြင်းများ ပြုလုပ်နေသည်ကို သိရှိရသည်။ အဆိုပါဆောင်ရွက်မှုများသည် ဒေသလုံခြုံရေးအတွက် ကြီးမားသောအန္တရာယ်ရှိပါ၍ ပြည်သူများအနေဖြင့် မပြုလုပ်ကြရန်၊
၂။ မည်သည့်မော်တော်ယာဉ်မဆို အမိုးအကာများ ဖုံးအုပ်ခြင်းနှင့် ကားမှန်များ တင်၍ မောင်းနှင်ခြင်းများ မပြုလုပ်ကြရန်၊
၃။ ဘာသာရေးအဆောက်အဦးများ၊ စာသင်ကျောင်းများနှင့် ဆေးရုံဆေးခန်းများတွင် အကြမ်းဖက်စစ် ကောင်စီတပ်ဖွဲ့များကို တည်းခိုခွင့် မပြုကြရန်၊
သတိပေးချက်ကို မလိုက်နာပါက အချိန်မရွေး အန္တရာယ်ကျရောက်နိုင်ကြောင်း အထူးသတိပေးချက် ထုတ် ပြန်လိုက်သည်။
ပုံ
ညီညွတ်သောကျေးရွာများအင်အားစု(UVF)
(ခ)ပြည်သူ့ကာကွယ်ရေးတပ်
ယင်းမာပင်ခရိုင်
သင့်ထင်မြင်ချက်ရေးပေးပါ