KIA
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဝါးရှောင်ကျေးရွာအနီး စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ကေအိုင်အေတပ်ဖွဲ့များအကြား ယနေ့ညနေ ၅ နာရီခန့်က တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။

KIA

 

ဝါရှောင်ကျေးရွာ ဝေဘားတံတားအနီးတွင် အပြန်အလှန်ပစ်ခတ်ကြခြင်းဖြစ်ပြီး အသေအပျောက် မသိရသေးကြောင်း ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“စစ်ကြောင်းတက်သွားတာ ဝါးရှောင်လမ်းဆုံ ဝေဘားတံတားနားမှာပစ်ကြတာ ပြည်သူထိတာ ရှိ မရှိတော့ မသိရသေးဘူး” ဟုသူကပြောသည်။
ဝါးရှောင်ကျေးရွာအနီးရှိ ၁၃ မိုင်ဂိတ်ကို ဧပြီလ ၁၇ ရက်နေ့တွင် ကေအိုင်အေက တိုက်ခိုက်မှုများရှိခဲ့သလို ယနေ့နံနက်ပိုင်းက ဝါးရှောင်ကျေးရွာအနီး ဆီဘောက်ဆာကားတစ်စီး ပစ်ခတ်ခံခဲ့ရသည်။
သင့်ထင်မြင်ချက်ရေးပေးပါ