ဝိုင်းမော်မြို့နယ်
ဝိုင်းမော်မြို့နယ် မုတ်ကျိတ်ကျေးရွာအနီး ယနေ့နံနက် ၉နာရီခန့်က ဆီဘောက်ဆာကားတစ်စီး မိုင်းခွဲတိုက်ခိုက်ခံရကြောင်း ဒေသခံများထံမှ သိရသည်။

ဝိုင်းမော်မြို့နယ်

 

ဝိုင်းမော်မြို့နယ် မုတ်ကျိတ်ကျေးရွာအနီးရှိ ကျမ်းစာကျောင်းအနီးတွင် ဖောက်ခွဲခံခဲ့ရခြင်းဖြစ်
ပြီး ကားသမားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
” ၉နာရီ ၅မိနစ် လောက်မှာဟုတ်တယ်။ ဆီဘောက်ဆာကားတစ်စီး မိုင်းခွဲတိုက်ခိုက်ခံရတာ။ ဖြစ်တဲ့နေရာက ဝူယန်အကျော် မုတ်ကျိတ် ကျမ်းစာကျောင်းအနီးမှာဖြစ်တာ၊ ကားသမားတစ်ယောက် ထိထားတယ်” ဟု ပြောသည်။
ဆီဘောက်ဆာကားတိုက်ခိုက်ခံရချိန်တွင် မိုင်းသံအပါအဝင် သေနတ်သံများပါ ကြားရကြောင်းဒေသခံများထံမှ သိရသည်။
မေလ ၅ရက်တွင်လည်း ဝိုင်းမော်မြို့နယ် လမြန်ကျေးရွာ၌ ဆီဘောက်ဆာကားတစ်စီး မိုင်းခွဲတိုက်ခိုက်ခံရသောကြောင့် ကားယာဉ်‌မောင်းတစ်ဦးအသက်သေဆုံးမှုရှိခဲ့သည်။
သင့်ထင်မြင်ချက်ရေးပေးပါ