မြစ်ကြီးနား၊ ဝိုင်း​​မော်နှင့် ဗန်း​မော်မြို့များရှိ ဆိုင်ကယ်အ​ရောင်းဆိုင်များကို စစ်​ကောင်စီတပ်ဖွဲ့က ဝင်စီး
မြစ်ကြီးနား၊ ဝိုင်း​​မော်နှင့် ဗန်း​မော်မြို့များရှိ ဆိုင်ကယ်အ​ရောင်းဆိုင်များကို စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ဝင်​စီးကာ ဆိုင်ကယ်များသိမ်းသွား​ကြောင်း မျက်မြင်​တွေ့ရှိသူများထံမှသိရသည်။

မြစ်ကြီးနား၊ ဝိုင်း​​မော်နှင့် ဗန်း​မော်မြို့များရှိ ဆိုင်ကယ်အ​ရောင်းဆိုင်များကို စစ်​ကောင်စီတပ်ဖွဲ့က ဝင်စီး
ဝိုင်း​မော်မြို့ ရှိ ဆိုင်ကယ်အ​ရောင်းဆိုင်တစ်ဆိုင်မှ ဆိုင်ကယ်များကို စစ်​ကောင်စီတပ်ဖွဲ့ဝင်များက သိမ်းယူသွား​ကြောင်း မျက်မြင်​တွေ့ရှိသူတစ်ဦးက​ပြောသည်။
“ဒီ​နေ့ည ၉နာရီ၁၅မိနစ်ဝန်းကျင်မှာ ဆိုင်တစ်ဆိုင်ကနေ ရဲကားနဲ့ ဆိုင်ကယ်တွေ သယ်သွားတယ်ဗျ။ လိုက်ထရက် ကားနဲ့ ၃၊ ၄ ခါတော့ သယ်သွားတယ်။ မနေ့ကတည်းကနေ လိုက်စစ်နေတာပါ” ဟုဆိုသည်။
မြစ်ကြီးနားမြို့ ၊ ကျွန်းပင်သာရပ်ကွက်ရှိ Kenbo ဆိုင်ကယ်အရောင်းဆိုင်တစ်ဆိုင်အား ယ​နေ့ည ၇ နာရီ ခွဲအချိန်တွင် အိမ်စီးကားနှစ်စီးဖြင့် ရဲများ ဝင်ရောက်စစ်ဆေး​နေသည်ကို​​တွေ့ခဲ့​ကြောင်း ​မျက်မြင်တစ်ဦးက The 74 Media ကိုသတင်း​ပေးပို့လာသည်။
ထို့အပြင် ဗန်းမော်မြို့တွင်လည်း ယနေ့ည ၁၀ နာရီဝန်းကျင်၌ ဆိုင်ကယ်အ​ရောင်းဆိုင်များမှ ဆိုင်ကယ်များကိုသိမ်းယူနေသည်ဟု ဒေသခံတစ်ဦးကပြောသည်။
” ဒီ​နေ့ည ၉နာရီခွဲ ၁၀ ထိုးခါနီးမှာ ဆိုင်ကယ်ရောင်းတဲ့အိမ်တွေဝင်စစ်နေတယ်။ အချုပ်ကားကြီးနဲ့ ရဲတွေ ၁၀ ယောက်ကျော်လောက်ရှိမယ်။ အခုဆိုင်ကယ်တွေကိုသူတို့ကိုယ်တိုင်မောင်းယူသွားကြတာ။ ဆိုင်ကယ်အသစ်တွေဆိုအများကြီးပါသွားပြီ ” ဟုပြောသည်။
အဆိုပါ မြို့ ၃ မြို့အတွင်းရှိ ဆိုင်ကယ်အရောင်းဆိုင်များအား မည်သည့်အကြောင်းကြောင့် ဝင်ရောက်စစ်ဆေးကာ ဆိုင်ကယ်များ သိမ်းဆည်းသွားသည်ကို မသိရ​သေးပါ။
စစ်​​​ကောင်စီတပ်ဖွဲ့ဝင်များမှ ဆိုင်ကယ်များကို သိမ်းဆည်းသွား​သော်လည်း ပိုင်ရှင်များကို ဖမ်းဆီးသွားခြင်း ရှိ၊ မရှိကိုမူ The 74 Media က ဆက်လက်စုံစမ်းလျှက်ရှိသည်။
ပုံ/ စစ်​ကောင်စီတပ်ဖွဲ့ဝင်များကို မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်တွင်​တွေ့ရစဥ်။
သင့်ထင်မြင်ချက်ရေးပေးပါ