ဗန်းမော် မြန်မာ့စီးပွားရေးဘဏ်အနီး ပေါက်ကွဲမှုဖြစ်ပွား
ဗန်းမော် မြန်မာ့စီးပွားရေးဘဏ်အနီး ယနေ့ည ၈ နာရီဝန်းကျင်ခန့်တွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

ဗန်းမော် မြန်မာ့စီးပွားရေးဘဏ်အနီး ပေါက်ကွဲမှုဖြစ်ပွား

 

ဗန်းမော်မြို့ မြန်မာ့စီးပွားရေးဘဏ်အနီး ပေါက်ကွဲမှုတစ်ချက်ကြားရပြီး ပေါက်ကွဲသံ အလွန်ကျယ်လောင်သည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
” မြန်မာ့စီးပွားရေးဘဏ်နားမှာဟုတ်တယ်။ ၇ နာရီ ၄၀ လောက်ကပေါက်တာ။ တစ်ချက်ပဲတော့ဟုတ်တယ်။ တော်တော်ကျယ်တယ် ကျွန်တော်တို့တေနည်းနည်းဝေးတာတောင်ကြားရတယ်” ဟုပြောသည်။
ယနေ့နံနက် ၅နာရီခွဲဝန်းကျင်၌လည်း ဗန်းမော် အထက ၂ ကျောင်းနားတွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပေါ်ခဲ့ပြီး တစ်ရက်တည်းတွင် ပေါက်ကွဲမှု ၂ကြိမ်ဖြစ်ပေါ်ခဲ့သည်။
Photo Credit Moe Myint
သင့်ထင်မြင်ချက်ရေးပေးပါ