အာဏာသိမ်းတပ်၏ အူးသူးထာ ခြေကုတ်စခန်းကို KNLA က သိမ်းပိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေးသဖြင့် အလွယ်တကူသိမ်းဆည်းနိုင်ခဲ့
ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီတပ်များ နေရာယူထားသည့် အူးသူထာစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) က ယနေ့နံနက်ပိုင်းတွင် သိမ်းပိုက်ခဲ့သည်။

အာဏာသိမ်းတပ်၏ အူးသူးထာ ခြေကုတ်စခန်းကို KNLA က သိမ်းပိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေးသဖြင့် အလွယ်တကူသိမ်းဆည်းနိုင်ခဲ့

 

စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ရန် KNLA က သွားရောက်ခဲ့သော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာထွက်ပြေးထားသည်ဟု သိရသည်။
KNLA က စခန်းသိမ်းတိုက်ပွဲနှစ်ခုကို ဖော်ဆောင်ပြီးနောက် ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီစစ်စခန်း ၆ ခုမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းကိုစွန့်ခွာထွက်ပြေးသွားသည်ဟု KNLA က သတင်းထုတ်ပြန်ထားသည်။
KNLA က သီးမူထာနှင့် သော်လယ်ထာ စခန်း ၂ ခုကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်များသည် ယင်းဒေသရှိ ယခု အူးသူထာ စခန်းအပါအဝင် စော်ဖိုးထာ စခန်း၊ နာကွာထာ စခန်း၊ ဖာခိုက်ကျိုး စခန်း၊ မယ်ပေါမူထာစခန်း၊ စ ဝေါ်မူ စခန်းနှင့် မော်မူကျိုး စခန်းများကို စွန့်ခွာ ထွက်ပြေးသွားကြပြီဖြစ်ကြောင်း KNLA ဘက်မှ သတင်းထုတ်ပြန်ထားသည်။
သင့်ထင်မြင်ချက်ရေးပေးပါ