အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ပြည်ထဲရေးအောက် ပြန်ပြောင်း
မြန်မာနိုင်ငံတွင် အကြီးမားဆုံးအုပ်ချုပ်ရေးအဖွဲ့အစည်းဖြစ်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ပြည်ထဲရေးဝန်ကြီးဌာနအောက်တွင် ပြန်လည်ပြင်ဆင်ဖွဲ့စည်းလိုက်သည်ဟု စစ်ကောင်စီက မေလ ၅ ရက်နေ့ ရက်စွဲဖြင့် ကြေညာလိုက်သည်။
အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ပြည်ထဲရေးအောက် ပြန်ပြောင်း

NLD အစိုးရလက်ထက် ၂၀၁၈ ခုနှစ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို စစ်တပ်က ခန့်အပ်သည့် ဝန်ကြီးတစ်ဦး တာဝန်ယူသည့် ပြည်ထဲရေးဝန်ကြီးဌာနမှ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနအောက်သို့ ပြောင်းရွှေ့ဖွဲ့စည်းခဲ့သည်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် ပြည်နယ်အဆင့်၊ ခရိုင်အဆင့်နှင့် မြို့နယ်အဆင့်အပြင် ရပ်ကျေးအုပ်ချုပ်ရေးအထိ အုပ်ချုပ်ရေးလုပ်ငန်းအဆင့်ဆင့်ကို တာဝန်ယူလုပ်ကိုင်သည့် ဌာနတစ်ခုဖြစ်သည်။
သင့်ထင်မြင်ချက်ရေးပေးပါ