ဗန်းမော်မြို့တွင် စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်ဆံ နေအိမ်တစ်လုံးတွင် ကျရောက်ပေါက်ကွဲ
ကချင်ပြည်နယ် ဗန်းမော်မြို့အခြေစိုက် ခမရ ၂၃၆ တပ်က ပစ်ခတ်သည့် အမြောက်ကျည်ဆံတစ်လုံးသည် ဗန်းမော်မြို့ နန့်ဖားရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင် ကျရောက်ပေါက်ကွဲခဲ့သည်ဟု သိရသည်။

ဗန်းမော်မြို့တွင် စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်ဆံ နေအိမ်တစ်လုံးတွင် ကျရောက်ပေါက်ကွဲ

 

ယနေ့နေ့လယ် ၂ နာရီကျော်တွင် ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်ခေါင်မိုးပျက်စီးသွားသည်။
လူမနေသည့် နေအိမ်တွင် ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သဖြင့် လူထိခိုက်မှုမရှိခဲ့ပါ။
မိုးမောက်မြို့နယ်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယနေ့နံနက်ပိုင်းတွင် ကျေးရွာအချို့သို့ ရမ်းတမ်းပစ်ခတ်မှုများရှိခဲ့သည်။
သင့်ထင်မြင်ချက်ရေးပေးပါ